Main menu

Background

ကာတာ ကမ္ဘာ့ဖလားတွင် အကြီးမားဆုံး စပွန်ဆာအဖြစ် တရုတ်ရပ်တည်

Tue, 11/22/2022 - 12:07 -- journal_editor

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံတွင် နိုဝင် ဘာ ၂၀ ရက်က စတင်ကျင်းပနေပြီဖြစ်သည်။ ကာတာ ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားက အပြိုင်အဆိုင် စပွန်ဆာပေးမှုများရှိရာတွင် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ကျော်ပြီး ကာတာကမ္ဘာ့ဖလား၏ အကြီး ဆုံး စပွန်ဆာပေးသည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နာမည်ကြီး အမေရိကန် ကုမ္ပဏီများဖြစ်သည့် ကိုကာ ကိုလာ၊  မက်ဒေါ်နယ်နှင့် ဘတ်ဝိုက်ဇာတို့သည် ငွေကြေး အမြောက်အမြား အကုန်အကျခံကာ စပွန်ဆာပေးနိုင်မှုများ ရှိသော်လည်း ယခု ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ တရုတ် နိုင်ငံ  ကုမ္ပဏီများက ယင်းကုမ္ပဏီများကို  ကျော်ဖြတ်ပြီး အကြီးဆုံးစပွန်ဆာများ ဖြစ်လာသည်။
တရုတ်နိုင်ငံ  ကုမ္ပဏီကြီးများမှ  စပွန်ဆာများသည် နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ  ကျင်းပမည့် ကာတာ  ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉၅ ဘီလီယံအထိ သုံးစွဲခဲ့ကြောင်း သိရသည်။ အမေ ရိကန် ကုမ္ပဏီများကမူ  ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံသာ သုံးစွဲခဲ့သည်။  ယင်းအချက်အလက်များကို လန်ဒန်အခြေစိုက် အချက်အလက် စိစစ်ရေးကုမ္ပဏီဖြစ်သည့် ဂလိုဘယ်ဒေတာက ဖော်ပြထား ခြင်းဖြစ်ကြောင်း သိရသည်။
ကာတာ  ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အဓိကပါဝင်သည့် တရုတ်နိုင်ငံမှ စပွန်ဆာများမှာ ဝန်ဒါအုပ်စု၊ ဗီဗို၊ မန်နီရောင် နို့ထွက်ပစ္စည်းနှင့် ဟိုင်းစန့်ကုမ္ပဏီတို့ဖြစ်သည်။ ဝန်ဒါအုပ်စု သည် လက်ရှိအချိန်အထိ ကာတာရှိ တရုတ်စပွန်ဆာများထဲမှ အကြီးမားဆုံးဖြစ်ပြီး ကိုကာကိုလာ၊ အက်ဒီးဒတ်စ်၊ ဟွန်ဒေး၊ ကီရာ၊ ကာတာလေကြောင်းလိုင်း၊ ကာတာစွမ်းအင်နှင့် ဗီဇာ တို့နှင့်အတူ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ တရားဝင် မိတ်ဖက်ခုနစ်ခုထဲမှ  တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
 Source; Xinhua