
သြစတြေးလျ လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Qantas သည် ၂၀၂၂ ခုနှစ် ဒုတိယ နှစ်ဝက်မှစတင်ပြီး အမြတ် ငွေများ ပြန်လည်ရရှိခဲ့ကြောင်း ယင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရှိရ သည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြ ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်း က Qantas လေကြောင်းလိုင်း၏ အမြတ်ရရှိမှုမှာ သိသိသာသာ တိုးတက် လာခဲ့ပြီး ခြောက်လတာ ကာလတွင် သြစတြေးလျဒေါ်လာ တစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၈၃ သန်း/ ဗြိတိန် ပေါင် ၅၆၆ သန်း) အထိပင် အမြတ်အစွန်း ရရှိခဲ့ကြောင်း ကြေညာ ခဲ့ခြင်းဖြစ်သည်။
သြစတြေးလျသည် ကိုဗစ်ကာလ က တင်းကျပ်သော ခရီးသွားစည်းမျဉ်း များကို ချမှတ်ခဲ့ခြင်းကြောင့် ယင်းကပ် ရောဂါကာလအတွင်း ခရီးသွားကဏ္ဍ နှင့်ဆက်နွှယ်သည့် ကုမ္ပဏီများအနေ ဖြင့် သြစတြေးလျဒေါ်လာ ခုနစ်ဘီလီ ယံကျော် ဆုံးရှုံးခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
Qantas လေကြောင်းလိုင်း အပါ အဝင် သြစတြေးလျ လေကြောင်းလိုင်း များသည် ဖျက်သိမ်းလိုက်သော လေယာဉ်ခရီးစဉ်များ၊ ခရီးဆောင်အိတ် များ ပျောက်ဆုံးမှုနှင့် ခရီးစဉ်ကြန့်ကြာ မှုများအပေါ် ဝေဖန်မှုများနှင့်အတူ ပြဿနာပေါင်း မြောက်မြားစွာကို ရင်ဆိုင်ဖြေရှင်းခဲ့ရပြီး ဝင်ငွေများလည်း သိသိသာသာ လျော့ကျခဲ့ရခြင်းဖြစ် သည်။
"လွန်ခဲ့တဲ့ ၁၂ လလောက်က ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ထည့်သွင်းစဉ်းစားကြည့် မယ်ဆိုရင် လက်ရှိအနေအထားဟာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပါပဲ။ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ ကျွန်တော်တို့ လေကြောင်းလိုင်းရဲ့ အမြတ်ငွေက အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ကျော်ခဲ့ပါတယ်။ ဒါဟာ ကိုဗစ်အလွန် စီးပွားရေးဦးမော့မှုရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ပြည်ပခရီးသွားတွေကိုလည်း ကျေးဇူး တင်ရမှာပါ။ ပြီးတော့ ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ ခရီးသွား ပြည်သူတွေကို ပြန်လည်အကျိုးပြုနိုင် တဲ့ အစီအစဉ်တွေကို လုပ်ဆောင်သွားဖို့ ရှိပါတယ် "ဟု Qantas လေကြောင်းလိုင်း ၏ အမှုဆောင်အရာရှိချုပ် Alan Joyce ပြောသည်။
သြစတြေးလျနိုင်ငံတွင် ကိုဗစ် စည်းကမ်းချက်များကို ၁၈ လကျော်ကြာ ချမှတ်ခဲ့ပြီး ပြည်ပအဝင်အထွက် လမ်း ကြောင်းများကိုလည်း ပိတ်ထားခဲ့ခြင်း ကြောင့် ခရီးသွားကဏ္ဍကို အဓိက ထိခိုက်စေခဲ့သည်။ ထို့ကြောင့် Qantas လေကြောင်းလိုင်း အနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ်က ဝန်ထမ်းပေါင်း ၂၀ဝ၀ ခန့်ကို လျှော့ချခဲ့ဖူးသည်။
Qantas လေကြောင်းလိုင်းသည် အခက်အခဲပေါင်းများစွာ ကြားမှပင် AirlineRatings.com ၏ အဆင့်သတ် မှတ်ချက်တွင် ကမ္ဘာ့ဘေးအကင်းဆုံး လေကြောင်းလိုင်းအဖြစ် ပြန်လည်ရရှိ ခဲ့သည်။ Qantas လေကြောင်းလိုင်းကို ၁၉၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၆ ရက်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
Source; BBC
စိုင်းဗညား