
အမေရိကန်နိုင်ငံတွင် အခြေစိုက် ထုတ်လုပ်နေသည့် လျှပ်စစ်မော်တော်ကားများကို ကမ္ဘာတစ်ဝန်းသို့ လျှော့ဈေး ဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်ကုမ္ပဏီထုတ် လျှပ်စစ်မော်တော်ကားများကို လက်ရှိပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးမည်ဖြစ်ပြီး ကားမော်ဒယ်အလိုက်၊ ဝယ်ယူမည့်နိုင်ငံ အလိုက် ၂၀ ရာခိုင်နှုန်းထက် ပိုမိုသည့် လျှော့ဈေးများလည်း ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ကြေညာထားသည်။
လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းသို့ တရုတ်နိုင်ငံထုပ် လျှပ်စစ်မော်တော်ကားများ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်း ချနေရာ အမေရိကန်ကုမ္ပဏီထုတ် တက်စလာ လျှပ်စစ်မော် တော်ကားများကို ဈေးကွက်ချဲ့ထွင်လာပြီး ယခု ၂၀၂၃ ခုနှစ်တွင် တက်စလာ လျှပ်စစ်မော်တော်ကားအစီးရေ နှစ်သန်း ရောင်းချနိုင်ရန် မျှော်မှန်းထားသည်။
Source; Reuters
စိုင်းဗညား