Main menu

Background

စစ်ကိုင်းပဲတီစိမ်း ကြိုက်ဈေးရ၍ လှောင်လက်များ ထုတ်ရောင်းလျက်ရှိ

Tue, 08/11/2015 - 20:24 -- journal_editor

     မုံရွာကုန်စည်ဒိုင်၌ ၂၀၁၅ခုနှစ်၊ သြဂုတ်လ ပထမပတ်အတွင်း အရောင်းအဝယ်အကောင်းဆုံးသီးနှံမှာ ပဲတီစိမ်းသီးနှံဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်သို့ မုံရွာမြို့ဝန်းကျင် ချောင်းဦးမြို့နယ်ရှိ ခင်မွန်၊ အမြင့်၊ ဆူးလေကုန်း၊ ဝယာေ ကျးရွာများ နှင့် အရာတော်မြို့နယ်ရှိ နေရာခင်း၊ လိန်လှ၊ မြေနက်၊ မကျီးကန်ကျေးရွာများမှ ပဲတီစိမ်းသီးနှံ ဝင်ရောက်မှုနည်းသော်လည်း ကြိုက်ဈေးရလို့ လှောင်လက်များက ထုတ်ရောင်းကြခြင်းနဲ့ Export (တရုတ်)ဝယ်လက်ရှိ၍ မန္တေ လးအဆွဲရှိကာ အရောင်းအဝယ် အကောင်းဆုံးသီးနှံဖြစ်နေတာကြောင့် မုံရွာကုန်စည်ဒိုင်၌ ယခုတစ်ပတ် အတွင်း ပဲတီစိမ်းသီးနှံ တစ်ရက်ပျမ်းမျှ တင်း ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ သြဂုတ်လ ပထမပတ်အတွင်း ပဲတီ စိမ်းသီးနှံ တစ်တင်းပေါက်ဈေး အနိမ့်၊ အမြင့်မှာ ၃၉၀၀၀ ကျပ်၊ ၄၁၀၀၀ ကျပ်။ ယခင်နှစ်ကာလတူ ပေါက်ဈေးမှာ ၃၆၅၀၀ ကျပ်၊ ၃၇၀၀၀ ကျပ် ဈေးပေါက်ခဲ့ပါတယ်။