Main menu

Background

တောင်ကိုရီးယားနိုင်ငံသို့တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှရွေ့လျားလာသည့်အင်အားပြင်းအဝါရောင်သဲမှုန်တိုင်းတိုက်ခတ်ခဲ့

Mon, 04/12/2021 - 11:24 -- journal_editor

တရုတ်ပြည်သူ့သမ္မတနိုင်ငံမြောက်ပိုင်းကုန်းတွင်းသဲကန္တာရမှဖြစ်ပေါ်လာသောပြင်းထန်သည့်အဝါရောင်သဲမုန်တိုင်းသည် (၁၆-၃-၂၀၂၁) ရက်နေ့ နံနက်မှစ၍တောင်ကိုရီးယားတစ်နိုင်ငံလုံးကိုဖုံးအုပ်ထားလိမ့်မည်ဟု အစိုးရမိုးလေဝသဌာန (The Korea Meteorological Administration - KMA) က ပြောကြားခဲ့ပါသည်။

              တရုတ်နိုင်ငံမြောက်ပိုင်းရှိMongolian အတွင်းပိုင်းဒေသနှင့် Gobi သဲကန္တာရ၏အနီးတစ်ဝိုက် တို့မှ အခြေပြုခဲ့ပြီး မြောက်လေဖြင့် တောင်ပိုင်းသို့ရွေ့လျားလာသည့် သဲဖုန်မှုန့်များပါဝင်မှု အဆင့်အလွန်မြင့်မားသော အဝါရောင် သဲဖုန်မှုန့်များသည် တောင်ကိုရီးယားနိုင်ငံဘက်သို့ လွှမ်းမိုး လာလျက်ရှိကြောင်း၊ပင်လယ်ဝါအတွင်း တရုတ်နှင့်ဆက်စပ်နေသောကျွန်းဒေသများ၊ တောင်ကိုရီးယား နိုင်ငံ၏ အနောက်ပိုင်း ဒေသများသို့ စတင်သက်ရောက်မည် ပြီးသည့် နောက်တစ်နိုင်ငံလုံးသို့ပျံ့နှံ့နိုင်ကြောင်း၊ အဆိုပါ အဝါရောင် သဲမုန်တိုင်းသည် (၁၇-၃-၂၀၂၁) ရက်နေ့တွင် အင်အားပျော့သွားဖွယ်ရာ ရှိကြောင်းခန့်မှန်းသော်လည်း ကိုရီးယားကျွန်းဆွယ်၏ လေထုဖိအားပေါ်မူတည်၍ နိုင်ငံတွင်း အကျိုး သက်ရောက်မှု ဆက်လက်တည်ရှိနိုင်ကြောင်းKMA မှပြောကြားခဲ့သည်။

              အရှေ့တောင်ဘက်ပြည်နယ်များဖြစ်သောGyeongsang နှင့်Gangwon ပြည်နယ်မှလွဲ၍ လေထုတွင်းဖုန်မှုန့်ပါဝင်မှုတိုင်းတာချက်PM 10သည်ဘေးဒဏ်သင့်ဒေသများတွင်micrograms (၁၅၀) အထက်သို့မြင့်တက် မည်ဟုမျှော်လင့်ကြောင်းအဝါရောင်သဲမုန်တိုင်းဆိုင်ရာအကြံပေးချက်ကို တောင် ကိုရီးယားနိုင်ငံ၊ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ သေးငယ်သော သဲ မှုန့်၊ ဖုန်မှုန့်နှင့် အမှုန်များသည်အမျိုးမျိုးသော ရောဂါများကိုဖြစ်ပေါ်စေပြီးကိုယ်ခံအားစနစ်ကိုအားနည်းစေနိုင်သောကြောင့်အစိုးရအရာရှိများကအသက်ရှူလမ်းကြောင်းဆိုင်ရာ (သို့မဟုတ်) နှလုံးသွေးကြောဆိုင်ရာရောဂါပြဿနာများ၊ ကလေးများနှင့်အခြားကျန်းမာရေး ဆိုင်ရာအားနည်းချက်ရှိသူများသည် အဆိုပါကာလအတွင်း အိမ်အပြင်သို့ထွက်ရန်မသင့်တော်ကြောင်း အသိပေးချက်ထုတ်ပြန်ထားပါသည်။ 

ဝင်းပပသူ၊ စီးပွားရေးသံမှူး