Main menu

Background

Harmonized System ( HS) – 2022 အား စတင်ကျင့်သုံးနိုင်ပြီဖြစ်

Wed, 11/23/2022 - 13:19 -- journal_editor

ကမ္ဘာ့အကောက်ခွန်အဖွဲ့ (World Customs Organization - WCO) သည်  Harmonized Commodity Description and Coding System (Harmonized System -HS) - 2022 Version  ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်ကျင့်သုံးရန် အတည်ပြုခဲ့ပြီးဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံအလိုက်  HS 2017 မှ  HS 2022ကို  ပြောင်းလဲကျင့်သုံးရန် ဆောင်ရွက်ကြရသည်။
အာဆီယံနိုင်ငံများအနေဖြင့် WCO HSကို အခြေခံသည့် ASEAN Harmonized Tariff and Nomencla -ture - AHTN 2022  ကို ညှိနှိုင်းသဘောတူပြီးဖြစ်၍ ယခု ၂၀၂၂ ခုနှစ်အတွင်း စတင်ကျင့် သုံးကြတော့မည်ဖြစ်သည်။ အချို့က ဇန်နဝါရီ ၁ ရက်ကတည်းက စတင် ကျင့်သုံးနေကြပြီဖြစ်သည်။

HS ၏ သမိုင်းကြောင်း
ကုန်သွယ်သည့် နိုင်ငံအားလုံးက ဘုံသဘောတူကျင့်သုံးသည့် စနစ်တစ်ရပ် ဖြစ်ပေါ်ရေး အားထုတ်ကြရာက ၁၉၈၈ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည့် စနစ်တစ်ခုဖြစ်သည်။ ဒီစနစ်မတိုင်မီ ပထမဆုံး နိုင်ငံတကာ  စာရင်းအင်းဆိုင်ရာ  ကုန်ပစ္စည်းအမည်ပေးစနစ်  International Statistical Nomenclature ကို ၁၉၁၃ခုနှစ်မှာ စတင် လက်ခံကျင့်သုံးခဲ့သည်။ ယင်းနောက် အကောက်ခွန်များ၏ ပထမဆုံး အမည်ပေးစနစ်ကို ၁၉၃၁ ခုနှစ်တွင်  League of Nations က လက်ခံ ကျင့်သုံးခဲ့ပြီး ယင်းအား Geneva Nomen - clature  ဟုခေါ်ဆိုခဲ့သည်။
၁၉၃၈ ခုနှစ်တွင် League of Nations  က “Minimum list of Commodities for International Trade Statistics”ကို ထုတ်ပြန်ခဲ့ သည်။ ယင်းတွင် လိုအပ်သလို ပြင်ဆင်ရန်အချက် အများအပြားရှိ သည့်အတွက် United Nations သည် ကျွမ်းကျင်သူ အကြံပေးများနှင့် ညှိနှိုင်း၍ The United Nations Standard International Trade Classification (SITC) (1950 edition) ကို ထုတ်ပြန်ခဲ့သည်။
The Customs Co-operation Council - CCC  ဖွဲ့စည်းရေး ကွန်ဗန်းရှင်း ၄-၁၁-၁၉၅၂ ရက်တွင် စတင်သက်ဝင်သည်။ CCC က Brussels Tariff Nomenclature (BTN)  ကို ၁၉၅၅ ခုနှစ်တွင် ဖြန့်ချိ သည်။ ယင်းအား ၁၉၇၄ ခုနှစ်တွင်  Customs Cooperation Council Nomenclature (CCCN) ဟု အမည်ပြောင်းခဲ့သည်။ ယင်း CCCN  ကို အဓိကအခြေခံ၍   HS  ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခု ကဲ့သို့ ဆောင်ရွက်ရာတွင်The SITC ၊The European Community Nomenclature၊ The United States Nomenclature၊ The Canadian Nomenclature  နှင့် The Japanese Nomenclature  တို့ထံမှ နမူနာ အချို့ကို အသုံးပြုခဲ့သည်။
HSကို ၁၉၈၈ ခုနှစ်တွင် စတင်ကျင့်သုံးသည်။ အစပိုင်းတွင် လေးနှစ်တစ်ကြိမ်ပြင်ခဲ့သည်။ ၁၉၉၂ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်တို့ဖြစ် သည်။ ၂၀ဝ၀ ပြည့်နှစ် ပြင်ဆင်ချက်ကို ယင်းအချိန်က ကမ္ဘာနှင့်အဝန်း Y2K ပြဿနာ၏ သက်ရောက်မှုကို အာရုံထားခဲ့ကြ၍ ၂၀ဝ၂ ခုနှစ် တွင် ပြင်ခဲ့ပြီး ယင်းနောက်ပိုင်း ငါးနှစ်တစ်ကြိမ် (၂၀ဝ၇၊ ၂၀၁၂၊ ၂၀၁၇ နှင့် ၂၀၂၂ ) တို့တွင် ပြင်ခဲ့သည်။
အောက်ဖော်ပြပါ  အကြောင်းအရာများကြောင့်   HS  ကို ပြင် ဆင်ခြင်း ဖြစ်သည်-
    -     နည်းပညာတိုးတက်လာခြင်း၊
    -    ကုန်သွယ်မှု မရှိ၍ ပယ်ဖျက်ခြင်း၊
    -    ကုန်သွယ်မှုပုံစံများပြောင်းလဲလာခြင်း၊
    -    ရှင်းလင်းလွယ်ကူရေး ဆောင်ရွက်ခြင်း၊
    -    အသုံးပြုခြင်းသည် ကုန်သွယ်မှု အလေ့အကျင့်များ ထင် ဟပ်စေခြင်း၊
    -    လူမှုပတ်ဝန်းကျင်နယ်ပယ်များနှင့် သက်ဆိုင်သော ပစ္စည်း များအတွက် ပြင်ဆင်ခြင်း။
    HS 2022 တွင် ပြင်ဆင်ချက် ဥပမာများ
    -    Electrical and electronic waste (e-waste):ဘေဆယ် ကွန်ဗင်းရှင်းနှင့်  သက်ဆိုင်သည့်  ဆောင်ရွက်ချက်များ အဆင်ပြေစေရန် ယင်းပစ္စည်းများအား သီးခြားခွဲခြားဖော်ပြ ထားခြင်း၊
    -     နီကိုတင်းအခြေခံပစ္စည်းများ၊ Classification  ရှင်းလင်း စေခြင်း၊
    -     UAVs (drones) Classification ရှင်းလင်းစေခြင်း၊
    -    Smartphones:  ခေါင်းစဉ်ခွဲ သီးခြားဖော်ပြခြင်း၊
    -     Dual use goods:   ယင်းပစ္စည်း  အများအပြားအတွက် ခေါင်းစဉ်ခွဲများ သီးခြားဖော်ပြခြင်း၊
    -      Flat panel display ကဲ့သို့သော ကုန်ပစ္စည်းမျိုးကွဲများ ထုတ် လုပ်ရန်အတွက်   အသုံးပြုသည့်  ပစ္စည်းများအား ခွဲခြား သတ်မှတ်ပေးထားခြင်း၊
    -     ကွန်ဗင်းရှင်း အသီးသီးဖြင့် Control ပြုလုပ်သည့် ပစ္စည်း များ အထူးသဖြင့် ကျန်းမာရေးနှင့် safety ပိုင်းဆိုင်ရာ ပစ္စည်းများ update ပြုလုပ်ထားခြင်း။
    HS 2022  တွင် ပြောင်းလဲသည်များ
    -    အသစ်ထည့်သွင်းခြင်းများ
        Headings 370
        Standard Notes 130
    -    ပယ်ဖျက်ခြင်းများ
        Headings 146
    -    standard Notes 12ပြင်ဆင်ခြင်း
        Descriptions 272
        Standard Notes 287

(ဆက်လက်ဖော်ပြပါမည်။)
Source by: မိုးကျော်အေး (အကောက်ခွန်ဦးစီးဌာန)