Main menu

Background

ပဲတီစိမ်း(အညာ)

Mon, 05/14/2012 - 06:52 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ          ယခင်    ယခု    ပြောင်းလဲမှု     ၁    မြင်းခြံ            ၁ ပိဿာ            ၈၈၀      ၉၀၀        ၂    မုံရွာ               ၁ ပိဿာ            ၇၈၉      ၁၀၇၈                          ၃    မန္တလေး          ၁ ပိဿာ            ၈၅၃       ၈၀၀    ၄    မကွေး            ၁ ပိဿာ            ၆၈၅       ၆၃၂ပဲတီစိမ်းကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိ    ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ) ကို အိတ်စပို့ ဝယ်လက်က သြင်္ကန်အပြီးမှာ ဝယ်အားပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၁၀၀ ကျပ်၊ (တစ်တန်ကို ၆၃၃၆၂၉ ကျပ်) နဲ့ တစ်ပတ်အတွင်း တန် ၄၄၁ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။မုံရွာ ဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး အရည်အသွေး ကောင်းရင်ကောင်းသလို ဈေးပေးပြီး အရည်အသွေးညံ့ပါက ဈေးနှိမ် ဝယ်ယူမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းကြီး တစ်ပိဿာကို ၁၀၇၈ ကျပ် (တစ်တန်ကို ၆၆၀၁၅၆ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းနေတယ်လို့ သိရပါတယ်။ မန္တ လေးဈေးကွက်မှာ ပဲတီစိမ်း(ခရမ်း)ကို တရုတ်အဆွဲအေးနေပြီး ပဲတီ စိမ်း(အညာ)စကိုသာ ဝယ်အားအနည်းငယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ပဲတီစိမ်း က သြင်္ကန်အခါအပြီးမှာ ဈေးနှုန်းသာရှိပြီး အရောင်းအဝယ်အေးနေ တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေး- ရန်ကုန်ဝယ်လက်က ဝယ်အားခပ်ပါးပါးသာရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဝဿာ ၆၃၂ ကျပ်(တစ်တန်ကို ၃၈၇၀၃၀ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။