Main menu

Background

မူဆယ်-မန်း ကုန်သည်ယူခ သြင်္ကန်ပြီးကာလဈေးပြန်ကျလာ

Mon, 05/14/2012 - 06:59 -- Anonymous (not verified)

သြင်္ကန်အပြီးကာလ မန္တလေးမှာ ကားများစုပုံနေခြင်းကြောင့် မူဆယ်-မန်း ကုန်သယ်ယူစရိတ် ပြန်ကျလာကြောင်း သိရပါတယ်။"သြင်္ကန်ကာလမှာ ကားအတက်နည်းတော့ ဈေးကောင်းခဲ့ပြီး၊ သြင်္ကန် ပြီးပြီးချင်းဘဲ ဈေးပြန်ကျလာတယ်။ ကုန်နည်းနေပြီး ကားတွေက မန္တလေးမှာ စုနားနေကြတဲ့အတွက် ဈေးပြန်ကျလာတာ၊ အတက်ကုန်တင်ခဈေးပဲ ကျပြီး အဆင်းကုန်တင်ခဈေးကတော့ ပုံမှန်ပါပဲ။ မနှစ်ကထက်တော့ ကုန်ရရှိမှုသာ တယ်။ ခုရက်ပိုင်းမှာ ပြောင်းဖူးစေ့ တင်ပို့လာရပြီ"လို့ စိန်ထိပ်တန်း ကုန်စည် ပို့ဆောင်ရေးမှ ကိုစန်းနိုင်ဦးက ပြောပါတယ်။ယခုတစ်ပတ် မန္တလေးမှ မူဆယ်ကို တိရစ္ဆာန်အစာများစတင် တင်ပို့မှု ရှိလာပြီး၊ ပြောင်းဖူး၊ ဆန်၊ ဆီးသီးခြောက်၊ ရော်ဘာ၊ ကြံသကာများ တင်ပို့မှု ရှိပါတယ်။ အဆင်းကုန်များမှာ မြေဆီ၊ ကျောက်မှုန့်၊ အိမ်ဆောက်ပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းများ တင်သွင်းလျက်ရှိကြောင်း သိရပါတယ်။ အတက်ကုန် ဈေးနှုန်းများမှာ သြင်္ကန်ရက်ကာလအတွင်း တစ်ပိဿာ ကုန်ကျစ် ၁၃၅ ကျပ်၊ ကုန်ပွ ၁၅၀ ကျပ်ဈေးရှိပြီး၊ သြင်္ကန်ပြီးကာလမှာ ကုန်ကျစ် ၁၁၀ ကျပ်၊ ကုန်ပွ ၁၁၅ ကျပ်ဈေးရှိကြောင်းသိရပါတယ်။ အဆင်းကုန်ဈေးနှုန်းမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာ ကျပ် ၅၀ ရှိကြောင်း သိရပါတယ်။