Main menu

Background

ပြောင်း

Thu, 05/17/2012 - 05:02 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်      ယခု    ပြောင်းလဲမှု     ၁    တောင်ကြီး      ၁ ပိဿာ             ၃၁၀      ၃၀၅                ၂    လားရှိုး            ၁ ပိဿာ              ၄၀၀     ၄၀၅            ၃    မူဆယ်            ၁ တန်          ၂၈၂၀၄၆    ၂၇၉၈၀၆        ၄    မန္တလေး           ၁ ပိဿာ              ၃၅၂      ၃၅၂ပြောင်းကို တရုတ်နဲ့ ဒေသတွင်း အစာစပ်သမားများ ဝယ်အားပုံမှန်ရှိနေ    တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေးဝယ် လက်အပြင် ဒေသတွင်းအစာစပ်သမားများကပါ ဝယ်အားပုံမှန်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၀၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းက အရောင်းအဝယ်ဖြစ် မှုပိုများလာပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေ တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ လားရှိုး ဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိပေမယ့် ရောင်းသူကုန် သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားတာကြောင့် အရောင်းအ ဝယ်ဖြစ်မှုပမာဏလျော့နည်းသွားတယ်လို့ ဒေသခံကုန်သည်တစ်ဦး ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၀၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၇၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လိုအားပုံမှန်ရှိပေမယ့်  ယခင်အပတ်နဲ့စာရင် ဈေးတန့်နေကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၃၅၂ ကျပ်နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။