Main menu

Background

Value Added ပြုလုပ်တင်ပို့မယ့် မြန်မာ့ချင်း

Thu, 05/24/2012 - 05:42 -- Anonymous (not verified)

    မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေ ခံတဲ့နိုင်ငံတစ်ခုဖြစ်သည်နဲ့အညီ စိုက်ပျိုးရေးထွက် ကုန်တွေကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာ ယခင်က ကုန်ကြမ်း  (Raw)    အဖြစ်သာ တင်ပို့ခဲ့ ရာ နောက်ပိုင်းမှာ တန်ဖိုးမြင့်ထုတ်ကုန် Value Added   အဖြစ် ထုတ်လုပ်တင်ပို့လာကြပါတယ်။ ကုန်ကြမ်းအတိုင်းတင်ပို့ခြင်းထက် ဈေးနှုန်းအား ဖြင့်ပိုမိုရရှိသဖြင့် အကျိုးအမြတ် ပိုမိုလာခြင်း၊ ပြည် တွင်းအလုပ်အကိုင်အခွင့်အ လမ်းများ တိုးတက် လာခြင်း စတဲ့ အကျိုးကျေးဇူးတွေကြောင့် ပြည် တွင်းထုတ်ကုန်တွေကို Value Added  အဖြစ် ကြိုး ပမ်းထုတ်လုပ် တင်ပို့လျက်ရှိရာမှာ လယ်ယာကိုင်း ကျွန်းထွက်ကုန် တစ်မျိုးဖြစ်တဲ့ ချင်း  (Ginger ) ကိုလည်း ချင်းခြောက်မှုန့်အဖြစ် ကုမ္ပဏီတစ်ခုက ထုတ်လုပ်တင်ပို့တော့မှာဖြစ်ကြောင်း  သိရှိရပါ တယ်။ ချင်းကိုအခြောက်အတိုင်း တင်ပို့ပါက တစ် တန်လျင် ဒေါ်လာ ၁၄၄၀ မှ ၁၄၆၀ အတွင်းသာ ရရှိသော်လည်း အမှုန့်ပြုလုပ်  တင်ပို့ခြင်းဖြင့် ဒေါ်လာ ၁၇၀၀ ဈေးနှုန်းရရှိသောကြောင့် ဈေးနှုန်း အားဖြင့် ပိုမိုရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ ချင်းမှုန့်အား အစားအသောက်နှင့် တိုင်း ရင်းဆေးဝါးဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြု မည်ဖြစ်ကြောင်းနှင့်  စင်ကာပူနိုင်ငံသို့ တင်ပို့ သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံမှတစ်ဆင့် ဆိုက်ပရပ်စ်နိုင်ငံသို့ ဆက်လက် တင်ပို့သွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။ ချင်းမှုန့်အား အချို့နိုင်ငံများတွင် အညောင်းပြေစေရန်နှင့် ချင်း ၏သင်းပျံ့သောရနံ့ ရရှိစေရန် အထုပ်ငယ်များဖြင့် ရေချိုးကန်အတွင်း စိမ်၍ ရေချိုးရာတွင်လည်း အသုံးပြုကြောင်း သိရှိရပါသည်။ ချင်းကို ယခင်က ပါကစ္စတန်နှင့် စင်ကာပူ နိုင်ငံတို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိ ရပါသည်။ ချင်းမှုန့်တင်ပို့ရန်အတွက် ကုန်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနသို့ ပို့ကုန်လိုင်စင်လျှောက် ထားခဲ့ရာ ခွင့်ပြုပေးခဲ့ပြီး ပြည်ပသို့ တင်ပို့ရန် အသင့်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာ့ ချင်းအား ချင်းမှုန့်အဖြစ် Value Added  ထုတ် လုပ်တင်ပို့တော့မည်ဖြစ်ကြောင်း သတင်းကောင်း ပါးရေးသားတင်ပြအပ်ပါသည်။ သက်နိုင်ဦး (ပို့ကုန်)