Main menu

Background

မန်းဈေးကွက်မှာ စတင်ဝင်ရောက်လာတဲ့ ပန်းတိမ်မနိုင်

Mon, 07/02/2012 - 08:23 -- Anonymous (not verified)

မန္တလေးဈေးကွက်ကို ဇွန်လဒုတိယပတ်မှစပြီး ပန်းတိမ်မနိုင်ပန်းများ စတင်ဝင်ရောက်နေပါတယ်။ ယခုဈေးကွက် မှာ ပန်းတစ်ခက်ကို ၇၀ ကျပ်ပေးရပြီး၊ လတ်ဆတ်သည့်ပန်းများကို ဘုရားတစ်ခါတင်ပြီး တစ်ပတ်ကို ရေ ၂ ကြိမ်၊ ၃ ကြိမ်လဲလှယ်ပေးရုံနဲ့ နှစ်ပတ်မှသုံးပတ်ထိ ကြာရှည်ခံတဲ့အတွက် အိမ်ရှင်မများအကြိုက်တွေ့နေတဲ့ ပန်းဖြစ်ပါတယ်။ ပြင်ဦးလွင်မှ မန်းပန်းဒိုင်များကို ၁၀ ခက်တစ်စည်းကို ဒိုင်သွင်းဈေး ၅၅၀ ကျပ် - ၅၀၀ ကျပ် သွင်းကြပြီး၊ မန္တလေးပန်းလက်လီသမားများမှ တစ်ခက်ကို ၆၀ ကျပ်- ၇၀ ကျပ်နဲ့ ရောင်းဝယ်ကြပါတယ်။ ပြင်ဦးလွင်မှ တစ်နေ့ကို ပန်းစည်းရေ ၂၀၀၀- ၂၅၀၀ ဝန်းကျင်ဝင်ရောက်ပါတယ်။ ယခုလောလောဆယ်ဈေးကွက်မှာ အိမ်ရှင်မများအကြိုက် ပန်းတိမ်မနိုင်ပန်းများဟာ ရောင်းအားသွက်နေတဲ့ ပန်းဖြစ်ကြောင်း သိရှိရပါတယ်။              ယဉ်ယဉ်အေး