Main menu

Background

ထိုင်းနိုင်ငံမှ ဘိလပ်မြေဝင်ခဲ့

Sun, 07/29/2012 - 07:07 -- Anonymous (not verified)

ထိုင်းနိုင်ငံမှ ဘိလပ်မြေဝင်ခဲ့ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် သုံး သောင်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်လေး သိန်း ကျော်ဖိုးကို ပင်လယ်ရေ ကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံမှ ဘိလပ်မြေများသာ ဝင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်က တန်ချိန် ခြောက်ထောင်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတန်ချိန် နှစ် သောင်းကျော်  အဝင်ပိုခဲ့ပါတယ်။  ကာလတူဖြစ်တဲ့ ၂၀၁၁ ဇူလိုင်လ တတိယပတ် အတွင်း တင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန်က ရှစ်ထောင့်လေးရာကျော်သာရှိခဲ့တာ ကြောင့် ဒီတစ်ပတ်ဘိလပ်မြေ ပိုမိုတင်သွင်းခဲ့တယ်လို့ဆိုရပါမယ်။      MIRT(DOT) ယခုအပတ်နယ်စပ်မှ ဘိလပ်မြေအသွင်းပိုမိုလျက်ရှိနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၉၂ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၃၆၀၂ တန်ကို မူဆယ်မှ ၅၁၄ တန်ကျော်၊ ချင်းရွှေဟော်မှ ၂၈ တန်ခွဲ၊ မြိတ်နယ်စပ်မှ ၁၄၈၉ တန်၊ ကော့သောင်းမှ တန် ၈၈၀ နဲ့ တာချီလိတ်မှ တန် ၆၉၀ အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်တင်သွင်းမှုနဲ့နှိုင်း ယှဉ်လျှင် ၁၂၁၀ တန်ကျော်အသွင်းပိုခဲ့ပါတယ်။ ယခုအပတ်မှာ လွယ်ဂျယ်မှအသွင်း မရှိခဲ့တဲ့အပြင် မူဆယ်မှအသွင်းလျော့ခဲ့ပါတယ်။ တာချီလိတ်၊ ကော့သောင်း၊ မြိတ် နဲ့ ချင်းရွှေဟော်နယ်စပ်တို့မှ ယခင်အပတ်ထက် အသွင်းပိုမိုခဲ့တယ်လု့ိ သိရပါတယ်။  MIRT(DOBT) ဘိလပ်မြေ အရောင်းအဝယ်အေး    မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေ  အရောင်းအဝယ် ပါးလာတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီရက်ပိုင်း အရောင်းအဝယ် ပိုပြီး အေးလာတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးတွေကိုကြည့်ရင် မြင်း ခေါင်းက တစ်အိတ်ကို ၁၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး)က တစ်အိတ်ကို ၅၀ ကျပ် ဈေးကျလာပြီး ဆင်(ထိုင်း)က တစ်အိတ်ကို ငါးဆယ်ကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးတွေ က မြင်းခေါင်း ဘိလပ်မြေ ၃၅၀၀ ကျပ်၊ ဆင်(ထိုင်း) ၄၉၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) ၄၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေ  ပုံမှန်အရောင်းအဝယ် ရှိနေတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ မြန်မာ ဆင်က ၁၀၀ ကျပ်၊ ဆင်(ထိုင်း)က ၆၀၀ ကျပ်၊ စိန်(ထိုင်း) ၅၀၀ ကျပ်၊ မြင်းခေါင်းနဲ့ ကျားခေါင်းဘိလပ်မြေက ၁၀၀ ကျပ်ဈေးကျလာတယ်လို့သိရပါတယ်။ ဆောက်လုပ် ရေးလုပ်ငန်းများလည်း ပုံမှန်ရှိနေတာကြောင့် အရောင်းအဝယ်က ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ ဘိလပ်မြေဈေးကျလာတာက ကုန်ပစ္စည်းအပို့နည်းလို့ ကားသယ်ယူခ စရိတ်လျော့လာလို့ ဒီလိုဈေးအနည်း ငယ်ကျလာတာလို့ သိရပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးတွေက အေသုံးလုံး (ဘိလပ်မြေ) က ၅၄၀၀ ကျပ်၊ မြန်မာဆင် (ဘိလပ်မြေ) ၅၃၀၀ကျပ်၊ ဆင် (ထိုင်း) ၆၀၀၀ကျပ်၊ စိန်(ထိုင်း) ၆၀၀၀ကျပ်၊ ဆင်မင်း ၅၂၀၀ ကျပ်၊ ကျားခေါင်း ၅၂၀၀ ကျပ်၊ မြင်းခေါင်း ၅၁၀၀ ကျပ်ဈေးတို့နဲ့ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေအရောင်း ပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းပုံမှန်ရှိပေမယ့် လည်း ဘိလပ်မြေ ဈေးနှုန်းက မပြောင်းလဲဘဲ ငြိမ်နေတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက ယခင်တစ်ပတ်ဈေးအတိုင်း စိန်(ထိုင်း) ၆၈၅၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေတစ်အိတ် ကို  ၅၃၀၀ ကျပ်၊ မြို့တော်ဘိလပ်မြေ တစ်အိတ် ၄၉၀၀ ကျပ်၊ နဂါးဘိလပ်မြေတစ်အိတ်  ၅၈၀၀ ကျပ်နဲ့ ဆင်(ထိုင်း) ၆၈၅၀ ကျပ်နဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးလာတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ အရောင်းအေးလာပေမဲ့ ဆင်(ထိုင်း) က ၁၅၀ ကျပ်ဈေးမြင့်လာပြီး မြင်းခေါင်းဘိလပ်မြေက ယခင်တစ်ပတ်ဈေးထက် ၇၀၀ ကျပ် ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ဆင်(ထိုင်း)တံဆိပ် ဘိလပ်မြေတစ်အိတ်ကို ၆၀၀၀ ကျပ်နဲ့ မြင်းခေါင်း ဘိလပ်မြေတစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးတို့ပဲ ဖြစ်ပါ တယ်။                                                                             MIRT(DOT)