Main menu

Background

အီရတ်က ထိုင်းနှင့် ဥရုဂွေးနိုင်ငံများမှ ဆန်တန်ချိန် ၁၁၀၀၀၀ ကို ဝယ်ယူခဲ့

Mon, 08/27/2012 - 05:16 -- Anonymous (not verified)

အီရတ်နိုင်ငံက ထိုင်းနဲ့ ဥရုဂွေးနိုင်ငံတွေမှ ဆန်တန်ချိန် စုစုပေါင်း ၁၁၀၀၀၀ ကို ဝယ်ယူခဲ့တယ်လို့ အီရတ်နိုင်ငံ ကောက်ပဲသီးနှံအသင်းက ပြောကြားတယ်။ ဒီလိုဝယ်ယူရာမှာ CIF  စနစ်နဲ့ ဝယ်ယူမှာဖြစ်ပြီး ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၈၀၀၀၀ နဲ့ဥရုဂွေးမှဆန်တန်ချိန် ၃၀၀၀၀ ဝယ်ယူမှာဖြစ်တယ်။

ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၈၀၀၀၀ ဝယ်ယူရာမှာ သင်္ဘော တစ်ခါတင်ရင် တန်ချိန် ၄ သောင်းစီနဲ့ နှစ်သုတ်ခွဲဝယ်ယူတင်သွင်းသွား မှာဖြစ်ကြောင်း၊ ဈေးနှုန်းမှာ တစ်တန်ကို ၆၂၃ ဒသမ ၈၉ ဒေါ်လာနဲ့ ၆၂၉ ဒေါ်လာစီ အသီးသီးဖြစ်ကြောင်းသိရတယ်။ ဇူလိုင်လအစောပိုင်းကလည်းအီရတ်က ထိုင်း ဆန်တန်ချိန် ၈၂၀၀၀ ကို ဝယ်ယူတင်သွင်းခဲ့သေးတယ်လို့ သိရတယ်။ ဥရုဂွေးမှ ဆန်ကိုတော့ တစ်တန်ကို ၆၇၁ ဒေါ်လာ ပေးပြီး ဝယ်ယူထားကြောင်း သိရတယ်။                                              Source:oryza.com၊ပပ