Main menu

Background

ဆန်တင်ပို့သူထိပ်တန်း ၁၀ နိုင်ငံမှာ ပါကစ္စတန်က စတုတ္ထနေရာမှာရှိ

Wed, 08/29/2012 - 05:39 -- Anonymous (not verified)

ထိုင်းနိုင်ငံရဲ့ အစိုးရကြားဖြတ်အစီအစဉ်နဲ့ ဆန်စပါးဈေးမြှင့်ဝယ်ယူမှုကြောင့် ကမ္ဘာ့အများဆုံးဆန်တင်ပို သူအဖြစ် ရပ် တည်နေတဲ့၎င်းရဲ့နေရာကို ယခုနှစ်မှာ ဆုံးရှုံးရမယ့်ကိန်းဆိုက်နေပါတယ်။ အမေရိကန်စိုက်ပျိုးရေး ဌာန  (USDA ) ရဲ့ ခန့်မှန်း ချက်တွေအရ အိန္ဒိယက ၄ နှစ်ကြာ ဆန်တင်ပို့မှုရပ်ပြီး၊ ယခင်စက်တင်ဘာလမှာ ဆန်တင်ပို့မှု ပြန်လည်စတင်ခဲ့ပေမဲ့ ယခုနှစ်မှာ ထိုင်းကိုကျော်ဖြတ်နိုင်တယ်လို့ဆိုပါတယ်။ ဗီယက်နမ်ကလည်း ထိုင်းထက် ဆန်ပိုမိုတင်ပို့နိုင်ပြီး၊ ၎င်းင်းရဲ့ဒုတိယနေရာကိုဆက်ပြီး ရရှိနိုင်တယ်လို့ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ၂၀၀၈ ခုနှစ် ဧပြီလမှာ စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပြီး၊ ထိုင်း ၁၀၀မှတ်ဆန်ဖြူဈေး တစ်တန်ကန်ဒေါ်လာ ၁၀၈၀ ထိ စံချိန်တင်မြင့်တက်ခဲ့တဲ့အတွက် စိုးရိမ်မှုတွေဖြစ်ခဲ့လို့ ၂၀၀၇ ခုနှစ်မှာ ဆန်ဈေးကွက်က ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အနေအထားမှာတော့ထိုင်းအခြေခံစံနှုန်းဈေးကအဲဒီပမာဏ ကို ပြန်ပြီးရောက်ရှိလာခြင်းမရှိဘဲ ယခုအခါ တစ်တန် ကန် ဒေါ်လာ ၅၈၀ ဝန်းကျင်ရှိနေပါတယ်။ USDA   ရဲ့ ခန့်မှန်းချက်အရ ထိပ်တန်း ဆန်တင်ပို့ ၁၀ နိုင်ငံထဲမှာ ပါကစ္စတန်က အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ ၂၀၁၂ အတွက် USDA   ရဲ့ ထိပ်တန်းဆန်တင်ပို့နိုင်ငံများ၊ ဆန်တင်သွင်းနိုင်ငံများစာရင်း ကို ဖော်ပြလိုက်ပါ တယ် -ဆန်တင်ပို့နိုင်ငံများ          (တန်ချိန်သန်း)နိုင်ငံ               ၂၀၁၁         ၂၀၁၂ (ခန့်မှန်း) ထိုင်း               ၁၀ .၆၄      ၆ .၅၀ဗီယက်နမ်        ၇ .၀၀        ၇ .၀၀အိန္ဒိယ            ၄ .၆၃         ၈ .၀၀ပါကစ္စတန်        ၃ .၄၁        ၃ .၇၅ဘရာဇီး            ၁ .၂၉        ၀ .၉၀ကမ္ဘောဒီးယား    ၀ .၈၆        ၀ .၈၁ဥရုဂွေး             ၀ .၈၄        ၀ .၈၅မြန်မာ               ၀ .၇၇       ၀ .၆၀အာဂျင်တီးနား     ၀ .၇၃       ၀ .၆၅တရုတ်              ၀ .၄၈       ၀ .၅၀ကမ္ဘာ့ထိပ်တန်းဆန်တင်သွင်းနိုင်ငံများ        တန်ချိန်(သန်း)နိုင်ငံများ             ၂၀၁၁       ၂၀၁၂ (ခန့်မှန်း)အင်ဒိုနီးရှား            ၃ .၀၉     ၁ .၂၅နိုက်ဂျီးရီးယား         ၂ .၅၅    ၂ .၄၅အီရန်                    ၁ .၈၇    ၁ .၉၀ဘင်္ဂလားဒေ့ရှ်          ၁ .၄၈    ၀ .၄၀EU - 27                 ၁ .၄၇    ၁ .၄၀ဖိလစ်ပိုင်                ၁ .၂၀    ၁ .၅၀မလေးရှား               ၁ .၀၇    ၁ .၀၈ဆော်ဒီအာရေးဗီးယား ၁ .၀၅    ၁ .၁၅အီရတ်                    ၁ .၀၃    ၁ .၂၀အိုင်ဗရီကို့စ်               ၀ .၉၃   ၀ .၉၅လမင်း၊Source: riceonline