Main menu

Background

ပြင်ပတွင် ဂိတ်ထိုးပြီး ခရီးသည်တင်နေရခြင်းများကြောင့် ပြည်ကြီးမျက်ရှင်ကားကွင်းရှိဂိတ်များ ခရီးသည်ရရှိမှုနည်းလာ

Fri, 08/31/2012 - 08:48 -- Anonymous (not verified)

ပြည်ကြီးမျက်ရှင်ကားကြီးဝင်းအတွင်းရှိ မန္တလေးနဲ့ မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲမြို့များသို့ ပြေးဆွဲပေးသော ယာဉ်လိုင်းများမှာ ခရီးသည်နည်းလို့ ဝန် ဆောင်မှုများနဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

"ဒီနှစ်မှာ ခရီးသည်သိသိသာသာ နည်းလာတယ်။ Express ကားကြီးတစ်စီး လုံးမှ  ခရီးသည် ငါးဦးလောက်ပဲရတယ်။ ၃ လလောက်ရှိနေပြီ။ ရှိတဲ့ခရီးသည်နဲ့ ပဲသွားနေရတယ်။ ဂိတ်တွေတိုးဖွင့်လာတာရော၊ တရားမဝင် ဂိတ်ဖွင့်ပြီး အောက် ကြေးနဲ့ ခရီးသည်တွေ တင်ဆောင်နေတာရောကြောင့် ခရီးသည်နည်းလာတာ။ ထုံးဘို-မြစ်ငယ်လမ်းခွဲမှာ လားရှိုး၊ မူဆယ်ခရီးသည်တွေကို မြင်းခြံ၊ မုံရွာ၊ မိတ္ထီလာ၊ ရေနံချောင်း၊ ကျောက်ပန်းတောင်းနယ်ဘက်ကလာတဲ့ ခရီးသည်တွေကို ဖြတ်တင် ကြတော့ တရားဝင်ဂိတ်ဖွင့်ထားတဲ့ ပြည်ကြီးမျက်ရှင်ကားကြီးဝင်းမှာက ခရီးသည် မရတော့ဘူး။ မြစ်ငယ်-ထုံးဘိုလမ်းခွဲမှာစီးရင် ကားခက ၇၀၀၀ ကျပ်၊ ၈၀၀၀ ကျပ် ပဲပေးရတော့ ခရီးသည်တွေအတွက်ကဈေးသက်သာတယ်။ အာမခံချက်တော့ မရှိ ဘူးပေါ့။ ကားဝင်းမှာက တရားဝင်ဖွင့်ပြီး အခွန်အခတွေ ပေးဆောင်ရတော့ သူတို့ ယူတဲ့နှုန်းနဲ့တော့ မတင်နိုင်ဘူး။ အာမခံချက်တော့ရှိတယ်။ ကားပေါ်မှာ ဖုန်းတပ် ဆင်ပေးထားတယ်။ ကျန်းမာရေးအတွက် ဆေးတင်ပေးထားတယ်။ အခြားဝန် ဆောင်မှုအနေနဲ့ မုန့်တွေဝေပေးတယ်"လို့ ဂိတ်မှူးတစ်ဦးက ပြောပါတယ်။ပြည်ကြီးမျက်ရှင် ကားကွင်းအတွင်း မန္တလေး-မူဆယ် ၁၇ ဂိတ်၊ မန္တလေး-လားရှိုး ၇ ဂိတ်၊ မန္တလေး-သီပေါ ၂ ဂိတ်၊ မန္တလေး-ကျောက်မဲ ၅ ဂိတ် ဖွင့်လှစ်လျက် ရှိကြောင်း သိရပါတယ်။                                             ဇူးဇူး