မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံအရောင်းအဝယ်က ရက်ခြားသာခပ်ပါးပါး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးလျော့အဝယ်ရှိသလို ဝယ်အား ပါအနည်းငယ်လျော့သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ကောင်းေ တာ့ ဈေးကွက်လည်းမြင့်လာတဲ့အပေါ် အခုလိုပဲ ဈေးကျ လာတော့ လှောင်လက်ကုန်သည်တွေကလည်း ဈေးကွက်မျှော်လင့် ချက်နဲ့ အရောင်းနည်းလာတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၀၀ ကျပ် (တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားသာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်) ကိုရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက အဝယ်အေး သွားတာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏတွေလည်း ယခင် အပတ်နဲ့စာရင် နည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၈၀ ကျပ် (တစ်တန်ကို ၆၀၀၁၄၂ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)က တစ်ပိဿာ ၁၁၀၀ ကျပ် (တစ်တန်ကို ၆၇၃၆၂၉ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
Background