Main menu

Background

ဒေါ်လာ ၂ ဘီလီယံခန့် ဆုံးရှုံးတဲ့တိုင် ထိုင်းဝန်ကြီးချုပ်က စပါးအပေါင်ခံ အစီအစဉ်ကို ကာကွယ်နေ

Sun, 10/07/2012 - 07:01 -- Anonymous (not verified)

အနာဂတ်မှာ ဆန်စပါးအပေါင်ခံ စီမံကိန်းကို ဆက်ပြီးလုပ်နေမယ်ဆိုရင် အစိုးရပျက်စီးမယ်လို့ ထိုင်းဘဏ် ဥက္ကဌမှ ပြောကြားခဲ့ခြင်းအပေါ် ထိုင်းဝန်ကြီးချုပ်က ဒီစီမံကိန်းကတောင်သူတွေအကျိုးရှိလို့အပေါင်ခံအစီအစဉ်ကို ဆက်ပြီးလုပ်သွား မယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ နိုင်ငံစီးပွားရေးကို တိုးတက်စေနိုင်တဲ့ တောင်သူတွေ ဝင်ငွေတိုးအောင် ရည်ရွယ်ပြီး၊ ဒီအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။

အခြားနိုင်ငံတွေနဲ့ အစိုးရအချင်းချင်း ကုန်သွယ်မှုအရ ဆန်တန်ချိန် ၇ သန်းအထိ ရောင်းချထားပြီးကြောင်း၊ သင်္ဘော တင်တစ်ကြိမ်ပြီးထားမှုကိုအသေးစိတ်ဖော်ပြမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကုန်သည် အများစုကတော့ အဲဒီရောင်းဝယ်မှုအပေါ် သံသယဖြစ်နေကြပါတယ်။ အပေါင်ခံ အစီအစဉ် အတွက် သုံးစွဲငွေ အပေါ်စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ အပေါင်ခံ သိုလှောင်စပါးတွေ ရောင်းချခြင်းမှ ရရှိတဲ့ငွေတွေကို ဒီစီမံကိန်း မှာ ပြန်လည် အသုံးပြုသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ၂၀၁၁-၁၂ စပါးအပေါင်ခံ အစီအစဉ် ပထမနှစ်အတွက် ငွေကြေးသုံးစွဲမှုက ဘတ် ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁၀ ဘီလီယံခန့်) ရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီးက ဆိုပါတယ်။ အပေါင်ခံစပါးတွေ ရောင်းချမှုက ဘတ် ၂၄၀-၂၅၀ ဘီလီယံ ခန့် ရရှိမယ်လို့ မျှော်လင့်ထားလို့ ဆုံးရှုံးမှုက ဘတ် ၆၀ (ကန်ဒေါ်လာ ၂ ဘီလီယံ) ဝန်းကျင်ရှိမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရင်အစိုးရ လက်ထက်က ဆန်ဈေးနှုန်းထောက်ပံ့ဖို့ နှစ်စဉ်သုံးစွဲငွေ ဘတ် ၇၀ - ၈၀ ဘီလီယံ(ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ)နဲ့ ယှဉ်ရင်တော့ လက်ရှိစပါးအပေါင်ခံ အစီအစဉ်မှာ အစိုးရကဈေးနှုန်း စီမံခန့်ခွဲမှုကို အကူ အညီဖြစ်စေပြီး၊ သိုလှောင်မှုတွေလည်းရှိနေတာကြောင့် ပိုပြီးကောင်းပါတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ၂၀၁၁-၁၂ အပေါင်ခံစပါးထဲမှ ဆန်ရောင်းချမှုဟာ နောက်နှစ်ကုန်မှာ အပြီးသတ်ဖွယ်ရှိတယ်လို့လည်း ၎င်း ကထပ်လောင်းပြောကြား ပါတယ်။ အာဆီယံဆန်တင်ပို့တဲ့ ၅ နိုင်ငံအကြား ဆန်စပါးအဖွဲ့အစည်း တည်ထောင်မှု အဆိုပြုချက်ကလည်း နောက်လမှာ သဘောတူညီမှု ရရှိဖွယ်ရှိတယ်လို့လည်း ၎င်းက မျှော်လင့်ထားပါတယ်။လမင်း၊Source: oryza.com