ပဲစင်းငုံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲ၊ နှမ်း၊ ငရုတ် စသည့်သီးနှံများစိုက်ပျိုးမှုများသော်လည်း ပဲမျိုးစုံအနက်မှ ပဲစင်းငုံ သီးနှံကိုလည်း စိုက်ပျိုးကြသည်။ ပဲစင်းငုံကို ကျောက်ဆည်မြို့နယ်တွင် ၁၃၁၂ ဧက၊ မြစ်သားမြို့နယ်တွင် ၇၀၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။ ယခင်နှစ် ကာလတူတွင် ကျောက်ဆည်မြို့နယ်၌ ၂၁၂၅ ဧက၊ မြစ်သားမြို့နယ်တွင် ၉၈၈ ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခုနှစ်တွင် ယခင်နှစ်အောက် လျော့နည်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။