Main menu

Background

စပါးအသစ်ပေါ်ချိန် ရောင်းလိုအား မြင့်မားလာ၍ အာရှဆန်ဈေးနှုန်းများ ကျဆင်း

Sun, 10/14/2012 - 07:22 -- Anonymous (not verified)

အောက်တိုဘာလဆန်း အာရှဆန်ဈေးနှုန်းတွေ အားနည်းလာတယ်။ ထိုင်းဆန်ဈေးနှုန်းအာမခံ အစီအစဉ်ကို ဆက် လက်ဆောင်ရွက်သွားဖို့ အစိုးရက ဘတ်ဂျက်ခွင့်ပြုလိုက်ပြီဖြစ်ရာ ဆန်ဈေးမြင့်မားရမှာဖြစ်သော်လည်း ပြည်ပမှ ဝယ်လို အားနည်းခြင်း၊ စပါးအသစ်ရိတ်သိမ်းနေပြီဖြစ်ခြင်းနဲ့ အစိုးရလက်မှာ သိုလှောင်ထားစရာနေရာပင် မကျန်အောင် ဆန် သိုလှောင်ထားမှုများစွာ ရှိနေခြင်းတို့ကြောင့် ထိုင်းဆန်ဈေးနှုန်းတွေက အားနည်းနေခြင်းဖြစ်တယ်။ ဗီယက်နမ်ဈေးနှုန်းလည်းအားနည်းလာတယ်။ စက်တင်ဘာလနှောင်းပိုင်းက ဈေးနှုန်းတွေထက် တစ်တန်ကို ၅ ဒေါ်လာစီ ဈေးကျလာတယ်။ ဗီယက်နမ် မဲခေါင်ဒေသမှာ စပါးအသစ်ပေါ်နေပြီဖြစ်ပြီး ပြည်ပမှ ဝယ်လိုအား နည်းနေခြင်းကလည်း ဆန်ဈေးနှုန်းအပေါ် ဖိအားဖြစ်စေတယ်လို့ သိရတယ်။

အိန္ဒိယဆန်ဈေးမှာတော့ တစ်တန်ကို ၁၀ ဒေါ်လာဈေးမြင့်မားတယ်။ ရူပီးတန်ဖိုးမြင့်မားလာခြင်းက ဆန်တင်ပို့မှု ဈေးနှုန်းကို မြင့်မားစေတယ်လို့သိရတယ်။ ဒါကြောင့်တင်ပို့ဖို့ စာချုပ်ချုပ်ဆိုပြီးတဲ့ အိန္ဒိယဆန် တင်ပို့သူတွေအနေနဲ့ အရှုံးနဲ့ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ စပါးအသစ်စတင်ရိတ်သိမ်းနေပြီဖြစ်ရာ ပြည်တွင်းဆန်ဈေး ၅ ရာခိုင်နှုန်းခန့် ကျဆင်းလာမယ့် အခြေအနေက တင်ပို့သူတွေရဲ့ အရှုံးအတွက် ဖာထေးပေးလိမ့်မယ်လို့ အိန္ဒိယ တစ်နိုင်ငံလုံး ဆန်တင်ပို့သူများအသင်း (AIREA)  ဥက္ကဌက ပြောကြားတယ်။ ပါကစ္စတန်မှာလည်း နိုဝင်ဘာလမတိုင်မီ စပါးသစ်ရိတ်သိမ်းတော့မှာဖြစ်ခြင်း၊ ဈေးကွက်ယှဉ်ပြိုင် မှု မြှင့်တင်လိုခြင်းတို့ ကြောင့် ပြည်ပတင်ပို့တဲ့ ဆန်ဖြူ (၂၅ ရာခိုင်နှုန်းဆန်ကွဲ) ဈေးနှုန်း (FOB နှုန်း) ကို တစ်တန်ကို ၄၅ ဒေါ်လာဈေးလျှော့ချပေးခဲ့ တယ်။ လက်ရှိဈေးနှုန်းမှာ တစ်တန်ကို ၄၀၀ ဒေါ်လာဖြစ်ရာ အမျိုးအစားတူ အိန္ဒိယ ဆန်ဈေးနှုန်းနဲ့ တူညီနေပြီး ဗီယက်နမ် ဆန်ထက် (၁၀) ဒေါ်လာဈေးသက်သာလျက်ရှိတယ်။ ဆန်ဈေး ချလိုက်ပြီဖြစ်လို့ နိုဝင်ဘာလမှစပြီး ဆန်တင်ပို့မှုပြန် လည်မြင့်မားဖွယ်ရှိရာ တစ်နှစ်တာအတွက် စုစုပေါင်း ဆန်တန်ချိန် ၄ သန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားကြောင်း ပါကစ္စတန် တင်ပို့သူများအသင်း ဒုဥက္ကဌက ပြောကြားတယ်။    Source:oryza.com, riceonline.com, Bloomberg.com,ပပ