Main menu

Background

ဟောင်ကောင်-ရန်ကုန် ပြေးဆွဲပျံသန်းမည့် Dragonair လေကြောင်းလိုင်း ၂၀၁၃ ဇန်န၀ါရီတွင်လာမည်

Wed, 10/24/2012 - 08:05 -- Anonymous (not verified)

ဟောင်ကောင်-ရန်ကုန် တိုက်ရိုက် ပျံသန်းပြေးဆွဲမည့် Dragonair  လေ ကြောင်းလိုင်း၏ ခရီးစဉ်များကို ၂၀၁၃ ခုနှစ်ဇန်န၀ါရီလတွင် စတင်သွားမည် ဟုသိရသည်။ဟောင်ကောင်ဘတ်ဂျက် လေကြောင်းလိုင်း  တစ်ခုဖြစ်သော Dragonair  သည် ဟောင်ကောင်လေ ကြောင်းကုမ္ပဏီကြီးဖြစ်သည့် ကက် ဌေးပစိဖိတ်၏ ကုမ္ပဏီခွဲတစ်ခုဖြစ် ကာ မြန်မာနိုင်ငံတွင်  ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်း၍ အလားအလာကောင်းများ တွေ့ရခြင်းကြောင့်  ဇန်န၀ါရီလဆန်း ပိုင်းမှစတင်ကာ ပျံသန်းပြေးဆွဲရန် စီစဉ် ခြင်းဖြစ်သည်။Air Bus A 321 လေ ယာဉ်ဖြင့် တစ်ပတ်လျှင်လေးကြိမ် ပျံ သန်းပြေးဆွဲမည်ဟုလည်း သိရသည်။

လေကြောင်းပို့ဆောင်ရေး  ညွှန် ကြားမှုဦးစီးဌာနက ယခုနှစ်တွင်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခရီး သည်ဝင်ရောက်မှုမှာယခင်နှစ်ထက် ၂၂ ရာခိုင်နှုန်း  တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားပြီး ခရီးသည်ဦးရေ သုံးသန်း ခန့် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းထား သည်ဟု သိရသည်။