Main menu

Background

Myanmar Tourism Master Plan စတင်ဆောင်ရွက်နေ

Mon, 10/29/2012 - 05:17 -- Anonymous (not verified)

မြန်မာနိုင်ငံရဲ့ ခရီးသွားဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်အထည်ဖော် ဆောင်ရွက်မယ့် Myanmar Tourism  Master  Plan ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပြီး အဆိုပါ Plan တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ဟာ အမေရိကန် ဒေါ်လာ နှစ်သိန်းကျော်ကုန်ကျမယ်လို့ သိရပါတယ်။

အဆိုပါ Master  Plan ကို နော်ဝေနိုင်ငံအစိုးရမှ ငွေကြေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှာဖြစ်ပြီး နည်းပညာ   ပိုင်းကိုတော့ AGD ဘဏ်မှ ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အခုလက်ရှိမှာ Plan ရေးဆွဲဖို့အတွက် ဒီပရောဂျက်ရဲ့ ခေါင်းဆောင်ဖြစ်သူ မစ္စတာပေါလ်ရော်ဂျာက မြန်မာနိုင်ငံကိုရောက် ရှိခဲ့ပြီး ပြည်တွင်းကတာဝန်ရှိ သူတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။Master  Plan မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ ဒေသများမှ ခရီးစဉ်များဖွံ့ဖြိုးတိုးတက်ေ ရး၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုမထိခိုက်ဘဲ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး စတဲ့ အစီအစဉ်တွေပါဝင်မှာဖြစ်ကြောင်း သိရှိရပါတယ်။