Main menu

Background

၂၀၁၅ ခုနှစ်ထိ တရုတ်နိုင်ငံကို ဆန်တန်ချိန် ၅ သန်းရောင်းချဖို့ ထိုင်းနိုင်ငံက ဆွေးနွေး

Mon, 11/12/2012 - 03:56 -- Anonymous (not verified)

ထိုင်းနိုင်ငံမှ တရုတ်ကို ဆန်တင်ပို့မှုလက်ရှိတန်ချိန် ၃ သိန်းရှိရာ ၂၀၁၃ မှ ၂၀၁၅ အထိ ဆန်တန်ချိန် ၅ သန်းဝန်းကျင် အထိတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ထိုင်းအစိုးရက တရုတ်အစိုးရ အရာရှိများနဲ့ ဆွေးနွေးလျက် ရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကို ဆန်ရောင်းချဖို့ အဆိုပြုချက်ဟာ ၂၀၁၃ ခုနှစ်ကုန် မတိုင်မီ နိုင်ငံများစွာကို ဆန်တင်ပို့ဖို့ အစိုးရအချင်းချင်း ရောင်းချထားပြီးဖြစ်တဲ့ ဆန်တန်ချိန် ၇ ဒသမ ၃ သန်းအပြင် နောက်ထပ်ေ ရာင်းချခြင်း ဖြစ်တယ်လို့ ထိုင်းစီးပွား ကူးသန်း ဝန်ကြီးကဆိုပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရရဲ့ အတည်ပြုပြောကြားခြင်းကို ဒေသဆန် လုပ်ငန်းကျွမ်းကျင် သူတွေက သံသယဖြစ်လျက်ရှိတယ်လို့ ဆိုပါတယ်။

နှစ်ဖက်နိုင်ငံအကြား ဆွေးနွေးမှုများ ဆက်လက်ရှိနေစဉ်မှာပင် အစိုးရအနေနဲ့ တရုတ်ကို ဈေးကောင်းကောင်းနဲ့ ရောင်းချရလိမ့်မယ်လို့ ယုံကြည်နေပြီး၊ အဲဒီရောင်းချမှုက ပြည်တွင်းဈေးဆက်ပြီး တည်ငြိမ်ဖို့ အထောက်အကူဖြစ် လိမ့်မယ်လို့ လည်း ဝန်ကြီးကဆိုပါတယ်။ တရုတ်နိုင်ငံနဲ့ ဆန်တင်ပို့မှု စာချုပ်ဟာ ဆန်စပါးအပေါင်ခံ အစီအစဉ်ကြောင့် ဆန်သိုလှောင်မှု စုပုံလာပြီး၊ ဆန်တင်ပို့မှု ၄၄ ရာခိုင်နှုန်းခန့်ကျဆင်းလာခြင်းနဲ့ ပတ်သက်လို့ အစိုးရကို ဝေဖန်ပြောကြားမှုများ လျော့ပါး စေမှာဖြစ်ပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာန(USDA)ရဲ့ ခန့်မှန်းချက်အရ ထိုင်းအစိုးရရဲ့ အပေါင်ခံအစီအစဉ် ပထမနှစ် ကာလအတွင်း ဝယ်ယူခဲ့တဲ့ ဆန်တန်ချိန်ဟာ ၁၂ သန်းဝန်းကျင်ရှိနေပြီး၊ ၂၀၁၂ အောက်တိုဘာလ ၁ ရက်မှာ စတင်တဲ့ ဒုတိယ အပေါင်ခံနှစ်မှာ ယခုနှစ်လက်ရှိအချိန်ထိ အပေါင်ခံထားတဲ့ စပါးတန်ချိန် ၇၆၅၄၀၀ (ဆန်တန်ချိန် ၅၀၅၁၆၂) ခန့်လည်း ရှိနေတယ်လို့ ဆိုပါတယ်။                                                လမင်း၊Source: oryza.com