Main menu

Background

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းသေး အရောင်းအဝယ် အနည်းငယ်ဖြစ်

Mon, 12/03/2012 - 06:31 -- Anonymous (not verified)

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကဈေးလျော့အဝယ်ရှိသလို ငွေပြန်ပေါ်လိုသော ကုန်သည်အချို့က လည်း ထုတ်ရောင်းမှုတွေရှိလို့ အရောင်းအဝယ်အနည်းငယ်ဖြစ်ခဲ့ပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၇၈၀ ကျပ်(တစ်တန် ကို ၄၇၇၆၆၄ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိ ရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းသေးကိုလည်း ရန်ကုန်-မန္တလေးဝယ် လက်က တစ်ပိဿာ ၁၀၆၃ ကျပ်(တစ်တန်ကို ၆၅၀၉၇၀ ကျပ်)ဈေး နဲ့ နေ့စဉ်အိတ် ၁၅၀ ခန့်အရောင်းအဝယ်ပုံမှန်ရှိခဲ့ကြောင်း ပွဲရုံရပ် ကွက်မှ ဆိုပါတယ်။