Main menu

Background

တရုတ်နှစ်သစ်ကူးရာသီချိန်နီးလို့ ကျောက်အရောင်းအဝယ်အေး

Mon, 01/21/2013 - 07:48 -- ydnar

မန္တလေးမြို့     မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေး စခန်းမှာ ပစ္စည်းရှားပြီး၊ တရုတ်နှစ်သစ်ကူးရာသီ နီးလို့ အရောင်းအဝယ်အေးနေကြောင်း သိရပါတယ်။

"ဈေးကွက်ထဲမှာ  လေလံပြန်သွင်း ကျောက်ပဲ အရောင်းအဝယ် လုပ်နေ တာ။ လုံးခင်းမှာ ကျောက်သယ်ကား ၁၀၀ ကျော်က   ဝင်မလာနိုင်ဘူး။ ကျောက်တွင်းလည်း ပိတ်ထားရတော့ လေလံရတဲ့ကျောက်ပဲ  သုံးနေကြ တာ။ ကျောက်တစ်ကျင်း  ထွက်ဖို့ကလည်း လွယ်လွယ်နဲ့ မရနိုင်ဘူး။ နောက်နှစ် တော်တော်လေး ရှားနိုင်တယ်။ ကျောက် ရှားလို့ ဈေးတက်ဝယ်ရေ ပမယ့် ပြန် ရောင်းရင်  ဈေးမရတော့  အရောင်း အဝယ်လုပ်ရ တာ တော်တော် ခက်ခဲ တယ်။ နှစ်သစ်ကူးရာသီနီးတော့ တရုတ် ဝယ်လက်အချို့လည်း ပြန်ကုန်ပြီ။ နှစ် သစ်ကူးပြီးမှ  အရောင်းအဝယ်   ပြန် ကောင်းမယ်"လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။မန္တလေးမဟာအောင်မြေ  ကျောက် မျက်ရောင်းဝယ်ရေးစခန်းမှာ ၄၀ ရာ ခိုင်နှုန်းသာ အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ပြည်တွင်းဈေးကွက်ဖြစ် နိုင်ဖို့  အကောင်အထည်ဖော်လျက်ရှိ ကြောင်း၊ လတ်တလောမှာ တရုတ်ဈေး ကွက်သာ အဓိကထား ရောင်းဝယ်နေ ရပြီး၊ ပြည်ပဈေးကွက် တိုးချဲ့ခြင်းမရှိ သေးကြောင်း၊ လက်ကောက်၊ လွှာချပ်၊ ပုတီးများကို One  Stop  Service နဲ့ တရားဝင်  ရောင်းဝယ်မှုရှိခြင်းကြောင့် မိမိဘက်ခြမ်းမှာ  Market   သေသေချာ ချာရှိဖို့   လိုအပ်ကြောင်း၊  မန္တလေး ကျောက် ဈေးကွက်မှာ ကြီးမားသော် လည်း ထိုနေရာမှာ အရောင်းအဝယ် လုပ်ဖို့ ဈေးကွက် သေသေချာချာ မရှိ သေးကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး