Main menu

Background

အိန္ဒိယနိုင်ငံတွင် ကုလားပဲအသစ်များပေါ်၊ ဆောင်းပဲစိုက်ဧရိယာ ဆက်လက်ကျဆင်း

Mon, 02/04/2013 - 04:27 -- ydnar

အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း မြန်မာမတ်ပဲဈေးတည်ငြိမ်ပြီး ပဲစင်းငုံနီမှာ ဈေးအနည်းငယ် ကျဆင်းခဲ့ကြောင်း၊ကျဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်ရှိ  Neemuch   မှာ ကုလားပဲအသစ်များ စတင်ထွက်ရှိလာပြီး အစိုဓာတ် ၁၅ ရာ ခိုင်နှုန်းရှိကာ တစ်ကွမ်တယ်ကို ၃၁၀၀ ရူပီး (တစ်တန်ကို ဒေါ်လာ ၅၇၉ )နဲ့ ရောင်းဝယ်နေကြပါတယ်။ ကန်ပါဈေး ကွက် (ဥတ္တာပရာဒေ့ရှ်ပြည်နယ်) မှာ မတ်ပဲအဝင်နည်းလို့ ဈေးတက်နေပေမဲ့ ဂျိုက်ပါဈေးကွက်နဲ့ မာတမြို့(ရာဂျက် စသန်ပြည်နယ်)မှာ ဝင်အားနည်း၍ မတ်ပဲ၊ ပဲတီစိမ်း ဈေးကျ နေပါတယ်။ အာဂိုလာဈေးကွက် (မဟာရာရှ်တရာပြည်နယ်)၊ ကတ်နီ၊ အင်ဒိုရီ (မဒ္ဒရာပရာဒေ့ရှ်)၊ ဒဟော့ဈေးကွက် (ဂူဂျာ ရတ်ပြည်နယ်) တွေမှာ ဝယ်လိုအားနည်းလို့ ကုလားပဲဈေးကျ ဆင်းနေပြီး ပဲတီစိမ်းကတော့ အင်ဒိုရီဈေးကွက်မှာ အဝယ် လိုက် ဈေးတက်နေတာ တွေ့ရပါတယ်။

ဇန်နဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်နေ့အတွင်း ချန်နိုင်းဈေးကွက်ကို မတ်ပဲကွန်တိန်နာ ၁၉၅ လုံး၊ ပဲတီစိမ်း ၅၁ လုံး၊ ပဲလုံးစိမ်း ၁၂ လုံး၊ ပဲစင်းငုံ ၁၅ လုံး၊ ကုလားပဲ ၃ လုံး၊masoor ကွန်တိန်နာ ၂၅ လုံးဝင်ရောက်ခဲ့ပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၄ ရက်နေ့အထိ ဆောင်းပဲစိုက်ပျိုးမှုမှာ ယခင်နှစ် ကာလတူစိုက်ဧရိယာ ဟက်တာ ၁၄၅ ဒသမ ၁၂ သိန်းကနေ ဟက်တာ ၁ ဒသမ ၉၂ သိန်းကျဆင်းပြီး ဟက်တာ ၁၄၃ ဒသမ ၂ သိန်းသာ စိုက်ပျိုးနိုင်ခဲ့တာ သိရပါတယ်။ နှင်းဧကရီ-MAPT