Main menu

Background

တရုတ်နှစ်သစ်ကူးကြောင့် ကုန်စည် အတက်အဆင်းနည်း သယ်ယူခ ကျဆင်းလာ

Mon, 02/04/2013 - 07:23 -- ydnar

တရုတ်နှစ်သစ်ကူးကာလ နီးလာတာကြောင့် ဇန်နဝါရီနောက်ဆုံးအပတ်မှာ မန်း-မူဆယ်အတက်အဆင်း ကုန်နည်းနေပြီး၊ ယခင်အပတ်ထက် ကားသယ်ခနှုန်း များ ကျဆင်းလာတယ်လို့ အဝေးပြေးကုန်စည်ပိ့ုဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင် များမှ ပြောပါတယ်။ တရုတ်နှစ်သစ်ကူးကြောင့် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ပဲတီစိမ်းနဲ့  လယ်ယာထွက်ကုန်သီးနှံများကို တရုတ်လိုင်း အဆွဲနည်းလာလို့ ယခင်အပတ်က ထက် အသွားနည်းတယ်လို့ ကုန်သည်များက ဆိုပါတယ်။ သစ်သီးဝလံအနေနဲ့ တရုတ်ဘက်မှာ ဖရဲ၊ သခွားရာသီသိမ်းတာကြောင့် ဖရဲ၊ သခွား၊ ဆီးသီးတို့ကို ဈေးမြင့် အဝယ်လိုက်လာလို့ ယခင်အပတ်ထက် ပိုမိုတင်ပို့နိုင်ကြောင်း သစ်သီးဝလံအသင်း မှသိရပါတယ်။ အဆင်းကုန်အနေနဲ့ တရုတ်ဘက်မှ နှစ်ကူးကာလမတိုင်မီ စတော့ ရှယ်ယာေ ဈးဖြတ်ပြီး ဈေးေ လျာ့ ရောင်းလာတာကြောင့် မြေဆီအဝင်များပါတယ်။ ပန်းသီး၊ အိမ်ဆောက်ပစ္စည်း၊ လူသုံးကုန်၊ အချိုမှုန့်၊ ဆိုင်ကယ်အပိုပစ္စည်း၊ အထည် အလိပ်၊ စောင်၊ အနွေးထည်များ အဝင်နည်းနေပါတယ်။

တတိယအပတ်မှာ မန်း-မူဆယ်၊ အတက် ကုန်ကျစ်တစ်ပိဿာ ၈၅ ကျပ် - ကုန်ပွ ၉၀ ကျပ်၊ အဆင်းကုန်ကျစ် တစ်ပိဿာ ၂၅ ကျပ် - ၃၀ ကျပ်၊ ကုန်ပွ ၄၀ ကျပ် - ၅၀ ကျပ်၊ ကုန်စုံ ၂၈ ကျပ် - ၃၀ ကျ ပ်နှုန်းဖြစ်ပြီး၊ နောက်ဆုံးပတ်မှာတော့ အတက် ကုန်ကျစ် ၆၀ ကျပ်၊ ကုန်ပွ ၈၀ ကျပ်၊ အဆင်းကုန်ကျစ် ၂၅ ကျပ်၊ ကုန်ပွ ၄၀ ကျပ်၊ ကုန်စုံ ၃၀ ကျပ်နှုန်းနဲ့ ဈေးကျလာပါတယ်။ ဖရဲ၊ သခွားကတော့ တစ်တန် ၆၀၀၀၀ ကျပ်- ၆၅၀၀၀ ကျပ်နဲ့ ကားသယ်ခနှုန်းထားများ အနေနဲ့ တွဲကား ၆ ဘီး၊ ၁၀ ဘီး၊ ၁၂ ဘီးအလိုက် သယ်ယူခနှုန်းကွာခြားမှုရှိပြီး၊ တရုတ်နှစ်ကူးကြောင့် အတက်၊ အဆင်းကုန်နည်းတာကြောင့် ဈေးနှုန်းကျဆင်းလာတယ်လို့ ကုန်စည်ပိ့ု ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များက ပြောပါတယ်။ နှစ်ကူးကာလပြီးရင် တစ်ဦးတည်းပိုင် ထုတ်ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကတ် (ITC) (Individual  Trading  Co.,Ltd ) များနဲ့လည်း ကုန်သွယ်ခွင့်ပြုနေလို့ ကုန်သွယ်မှုသွက် လာနိုင်တယ်လို့ ကုန်သည်များသုံးသပ်ချက်အရ သိရပါတယ်။ နိုင်ထွန်း-မန္တလေး