Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲဈေးအနည်းငယ်ပြန်ဆင်းလာပြီး ပဲစင်းငုံနီက ဈေးဆက်မြောက်

Wed, 03/06/2013 - 07:32 -- ydnar

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(RC) ကို အိန္ဒိယ ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျဆင်းလာပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့တယ် လို့ဈေးကွက်အတွင်း မှ သိရပါတယ်။ တက်ဈေးမှာ အရောင်းများခဲ့တဲ့ ရောင်းလက်တွေက အခုလိုဈေးပြန်ကျလာတော့ ဈေးကွက်မျှော်လင့် ချက်နဲ့ အရောင်းပြန်နည်းသွားတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို ၄၅၆၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေးကွက်မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် အရောင်းအရော အဝယ်ပါသွက်နေတဲ့ ပဲစင်းငုံနီ (RC) ကိုအိန္ဒိယအဆွဲတောက်လျောက်ရှိနေတာကြောင့် ဈေးကအမြင့် မှာရှိနေတယ်လို့ ဆိုပါတယ်။ ပဲရဲ့အရည်အသွေးကလည်း ကောင်း နေတယ်။ အိတ်စပို့အဆွဲကလည်း ဈေးပေးအဝယ်ရှိလို့ ယခင်အပတ် နဲ့စာရင် တစ်တန်ကို ကျပ် ၂၀၀၀၀ ခန့်ဈေးမြင့်သွားတယ်လို့ ပဲအ  ရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ ဒိုင်ပြင်ပဈေးကွက်မှာ တစ်တန်ကို ၆၂၀၀၀၀ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။