Main menu

Background

အောင်ပန်းမြို့မှာ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသေးစားချေးငွေပေးအပ်

Tue, 04/09/2013 - 11:12 -- ydnar

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသေးစားချေးငွေပေးအပ် ပွဲ အခမ်းအနားကို အောင်ပန်းမြို့တော်ခန်းမ မှာ မတ် ၁၇ ရက်က ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် စီမံစီးပွားဝန်ကြီး၊ ကလောမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကလော မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ်သမဝါယမအသင်းချုပ်ဥက္ကဋ္ဌ၊ အသင်းသားများ အပါအဝင် ၁၁၀ ဦး တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ရှမ်းပြည်နယ်စီမံစီးပွားဝန်ကြီးမှ အကျိုးရှိစွာ သုံးစွဲဖို့နဲ့ ရှမ်းပြည်နယ်သမဝါယမအသင်းချုပ် ဥက္ကဋ္ဌက စုဆောင်းငွေတိုးချဲ့ပြီး ကိုယ် ပိုင်ငွေနဲ့ လည်ပတ်နိုင်အောင် ကြိုးစားပုံ တိုက်တွန်းဆွေးနွေးသွားပါတယ်။ ဆက်လက်ပြီး သမဝါယမအသင်း ခုနစ်သင်းဖြစ်တဲ့ စံပြစိုက်ပျိုးရေးနဲ့ အထွေထွေလုပ်ငန်းကို ကျပ် ၁၂၈ သိန်း၊ ကောင်းမန်စိုက်ပျိုးရေးနဲ့ အထွေထွေ လုပ်ငန်းကို ကျပ် ၉၇ သိန်း၊ မင်္ဂလာစိုက်ပျိုးရေးနဲ့ အထွေထွေလုပ်ငန်းကို ကျပ် ၉၅ သိန်း၊ လမိုင်းကျင်းစိုက်ပျိုးရေးနဲ့ အထွေထွေလုပ်ငန်းကို ကျပ် ၆၇ သိန်း၊ ပါပွေစိုက်ပျိုးရေးနဲ့ အထွေထွေလုပ်ငန်းကို ကျပ်သိန်း ၃၀၊ သာယာစု စိုက်ပျိုးရေးနဲ့ အထွေထွေလုပ်ငန်းသို့ ကျပ် ၄၈ သိန်း၊ စိမ်းလန်း စိုပြေစိုက်ပျိုး ရေးနဲ့ အထွေထွေလုပ်ငန်းသို့ ကျပ်သိန်း ၃၀၊ စုစုပေါင်း ၄၉၅ ကျပ်သိန်းချေး ငွေများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။          မင်းအောင်-တောင်ကြီး