Main menu

Background

အမေရိကန်လွှတ်တော်က အွန်လိုင်း ရောင်းခွန် ဥပဒေကြမ်းကို အတည်ပြု

Mon, 05/13/2013 - 10:42 -- ydnar

အမေရိကန်ပြည်ထောင်စုအ ထက် လွှတ်တော်က အွန်လိုင်းရောင်း ချတာကို အခွန်ကောက်ခံဖို့ မေ ၅ ရက် ကအတည်ပြုခဲ့ပါတယ်။ အမေဇုန်နဲ့ အီးဘေးတို့လို ဝက်ဘ်ဆိုက်ကုမ္ပဏီ ကြီးတွေကတစ်ဆင့် အင်တာနက်နဲ့ ဝယ်ယူမှုအတွက် ရောင်းခွန်ကောက်ခံ ဖို့ ပြည်နယ်တွေကို ခွင့်ပြုလိုက်ပြီးဖြစ် တဲ့အတွက် နှစ်ပေါင်းများစွာအခွန်လွတ် နဲ့ အွန်လိုင်းမှဝယ်ယူမှုတွေ အဆုံးသတ် တော့မှာ ဖြစ်ပါတယ်။ ဥပဒေရဲ့ အမည် က " Marketplace Fairness Act" ဖြစ်ပြီး အထက်လွှတ်တော်မှာ ၆၉-၂၇ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေအဖြစ်အတည်ပြုနိုင်ဖို့ အတွက် အမေရိကန်လွှတ်တော်ရဲ့ အ တည်ပြုချက်ရယူဖို့ လိုပါတယ်။ အောက်လွှတ်တော်ရှိ ရီပတ်ပလီကင် လွှတ်တော်ကိုယ်စားလှယ်အများစုက ဒီဥပဒေက အမေရိကန်လူထုအပေါ် အခွန်တစ်ခုထပ်ပိုလာတယ်လို့ ရှုမြင် နေကြပါတယ်။ ဒီဥပဒေအရ သာမန် စတိုးဆိုင်တွေကနေ စီးပွားရေးလုပ်ငန်း တွေလုယူနေတဲ့ အွန်လိုင်း ကုမ္ပဏီ တွေရဲ့ အခွင့်အရေးတွေကိုလျှော့ချပေး မှာဖြစ်ပြီး ဖောက်သည်တွေကစတိုးဆိုင် တွေကိုလာကြည့် လှည့်ပြန်သွားပြီး အွန် လိုင်းကနေဈေးသက်သက်သာသာနဲ့ ဝယ်နေကြကြောင်း ညည်းတွားနေကြ တဲ့ ဆိုင်ပိုင်ရှင်တွေအတွက် ပြိုင်ဆိုင်မှု အခွင့်အလမ်း ကိုထိန်းညှိပေးလိုက်တာ ဖြစ်ပါတယ်။

ပြင်ပလက်လီရောင်းချသူတွေက ဒေသခံတွေကိုအင်တာနက်ကတစ်ဆင့် ရောင်းချတာတွေကို အခွန်ကောက်ခံ ဖို့ ဒေသန္တရအစိုးရတွေနဲ့ စီးပွားရေး လုပ်ငန်း တွေကကြိုးပမ်းတိုက်ခိုက်ခဲ့ရာ ဒီဥပဒေက ဒီကြိုးပမ်းမှုကို ကိုယ်စား ပြုပေးလိုက်တာဖြစ်ပါတယ်။ ဆိုင်များခင်းကျင်းရောင်းချတဲ့ လက်လီအရောင်းလုပ်ငန်းတွေကိုကိုယ်စား ပြုနေတဲ့ အမျိုးသားလက်လီရောင်းချသူ များဖက်ဒရေးရှင်းကိုအွန်လိုင်းမှတစ်ဆင့် ရောင်းချမှုကြောင့် အခွန်အကောက် အဟောသိကံဖြစ်တာက ဒေါ်လာ ၂၄ ဘီလီယံလောက် ရှိတယ်လို့ ဆိုပါတယ်။ အွန်လိုင်းတွေကတော့ ဒီဥပဒေကြမ်းကို ဆန့်ကျင်ပါတယ်။ ဒီဥပဒေ အရ အင်တာနက်မှ ရောင်းချသူတွေကို လမ်းဘေး ဆိုင်တွေ မှာပဲ ရောင်းချသူတွေလိုပဲ အလားတူ ထည့်သွင်း စဉ်းစားဖို့ ပြဌာန်းထား ကြောင်း ဒီမိုကရက်တစ် အထက်လွတ် တော် အမတ်ဒစ်ဒါဘန်က ပြောပါ တယ်။နိုင်ငံတော်အခွန်ကောက်အရ သတ်မှတ်ထားတဲ့ ဒေါ်လာတစ်သန်း အောက် ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ကတော့ကင်းလွတ်ခွင့်ရှိကြောင်း ဥပဒေ မှာ ပါရှိပါတယ်။ အွန်လိုင်းကဝယ်တဲ့ ပစ္စည်းတွေကို အခွန်မကောက် သင့်ဘူးလို့ဖြေကြား သူ၅၆ ရာခိုင်နှုန်းနဲ့ ကောက်သင့်တယ် လို့ ဖြေကြားသူ၃၇ ရာခိုင်နှုန်း ရှိကြောင်း QUINNIPIAC တက္ကသိုလ် ရဲ့စစ်တမ်း ကောက်ယူချက်မှာ ဖော်ပြ ထားပါတယ်။