Main menu

Background

လက်ရှိဘဏ္ဍာနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆန်တင်သွင်းမှု ကျဆင်းသွားဖွယ်ရှိ

Wed, 06/05/2013 - 15:39 -- ydnar

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆန်တင်သွင်းမှုက ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ် (ဇူလိုင်မှ ဇွန်လအထိ) မှာ ကျဆင်းသွားဖွယ်ရှိတယ် လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဝန်ကြီးဌာနက ပြောကြား တယ်။ ယခင်ဘဏ္ဍာနှစ်က တန်ချိန် ၅၁၅၀၀၀ ဝန်းကျင်တင် သွင်းခဲ့သော်လည်း ယခုဘဏ္ဍာနှစ်မှာ တန်ချိန် ၂၇ယ၇၀၀ ဝန်း ကျင်သာ တင်သွင်းဖွယ်ရှိတယ်လို့ မျှော်လင့်ထားတယ်။ ဘင်္ဂလား ဒေ့ရှ်က ကမ္ဘာမှာ ဆန်ထုတ်လုပ်မှု အများဆုံးငါးနိုင်ငံ အနက် တစ်နိုင်ငံဖြစ်သော်လည်း လူဦးရေ ပုံမှန်တိုးတက်မှုရှိ လာပြီး ဆန်စားသုံးမှုလည်း တိုးတက် လာတာကြောင့် လွန်ခဲ့ တဲ့ နှစ်အနည်းငယ်မှစပြီး ဆန်တင်သွင်းမှု အများဆုံးနိုင်ငံများ အနက် တစ်နိုင်ငံအဖြစ် ပါဝင်လာခဲ့တယ်။

၂၀၁၀-၁၁ ဘဏ္ဍာနှစ်ကဆန်တန်ချိန် ၁ ဒသမ ၅ သန်း ဝန်းကျင်ကို တင်သွင်းခဲ့ရတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှစပြီး ဆက်တိုက်စပါးအထွက်တိုးခဲ့သဖြင့် ပြည်တွင်းဆန်လုံလောက် မှုနီးပါးအခြေအနေကို ပြန်လည်ရောက်ရှိခဲ့တယ်။ ယခုနှစ် တင်သွင်းမယ့်ဆန်တန်ချိန်၂၇၇၀၀အနက်အများစုကို ပုဂ္ဂလိ က ကုန်သည်များက တင်သွင်းခြင်းဖြစ်ပြီး ဆန်မွှေးတင်သွင်းမှု ပမာဏပိုများကြောင်း သိရတယ်။ လူဦးရေ တိုးတက်လာသဖြင့် ဆန်လိုအပ်ချက်မြင့်မား ပေမယ့်လည်း လူတစ်ဦးချင်းဆန်စားသုံးမှု လျော့နည်းလာ တယ်လို့သိရတယ်။ ၂၀၀၀ ခုနှစ်လောက်က တစ်ဦးချင်း ဆန် စားသုံးမှုမှာ ၁၇၀ ကီလိုဂရမ် ဝန်းကျင်ရှိခဲ့သော်လည်း ၂၀၁၀ ခုနှစ်မှာ ၁၆၀ ကီလိုဂရမ်ဝန်းကျင်သာ စားသုံးမှုရှိတော့တယ် လို့ သိရပါတယ်။ ဒီလိုလူတစ်ဦးချင်းစီရဲ့ ဆန်စားသုံးမှုကျဆင်း လာခြင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဆန်ရောင်းလိုအား နဲ့ ဝယ်လိုအားကွာဟမှုကို လျှော့ချပေးနိုင်ခဲ့တယ်လို့ သိရ တယ်။ လာမယ့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှာ ဘင်္ဂလားဒေ့ရှ် အနေနဲ့ ဆန်တင်သွင်းမယ့်အစီအစဉ်မရှိကြောင်း ဘင်္ဂလား ဒေ့ရှ်အရာရှိများက ပြောကြားတယ်။ ဒါပေမဲ့ အမေရိကန် လယ်ယာ စိုက်ပျိုးရေးဌာန (USDA) က ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဆန်တန်ချိန် ၃၇၅၀၀၀ တန် ဝန်းကျင်တင်သွင်းရဖွယ်ရှိတယ်လို့ ခန့်မှန်းထားတယ်။ လူဦးရေ တိုးတက်မှုကြောင့် ဆန်တင်သွင်းဖို့ လိုအပ်မယ်လို့ ခန့်မှန်းခြင်းဖြစ်တယ်။၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှာ ဘင်္ဂလား ဒေ့ရှ်ရဲ့ ဆန်ထုတ်လုပ်မှုကို ၃၄ ဒသမ ၂ သန်း အထိ ရောက် မယ်ခန့်မှန်းထားရာ ၂၀၁၂ -၂၀၁၃ က ထုတ်လုပ်ခဲ့တဲ့ တန် ချိန် ၃၄ သန်းထက် ကျော်လွန်မှာဖြစ်တယ်။ အလားတူဆန် စားသုံးမှု ကလည်း ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှာ တန်ချိန် ၃၄ ဒသမ ၇ သန်းအထိ ရောက်ရှိမြင့်မားလာမယ်လို့ ခန့်မှန်း ထားရာ ၂၀၁၂- ၂၀၁၃ ခုနှစ်အတွင်း ဆန်စားသုံးမှု တန်ချိန် ၃၄ ဒသမ ၅ သန်းထက်သာလွန်မယ်လို့ (USDA) ကခန့်မှန်း ထားတယ်။                                         ပပ