Main menu

Background

အီးယူ နိုင်ငံသို့ ရေထွက်ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရေး

Tue, 08/06/2013 - 10:50 -- ydnar

မြန်မာနဲ့ ဂျီအက်စ်ပီမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကြောင့် အနောက်နိုင်ငံများအနေဖြင့်အသိအမှတ်ပြု လေး စားလာကြပြီး ပိတ်ဆို့မှုတွေအားလုံးနီးပါး ရုပ်သိမ်း ပြီး မြန်မာနိုင်ငံ၏ ပြုပြင်တည်ဆောက်မှုများကို အထောက်အကူပြုစေ ရန်အတွက် ဆောင်ရွက် ပေးလျက် ရှိပါတယ်။

ဒီလို ဆောင်ရွက်ပေးရာမှာ အီးယူနိုင်ငံများအနေနဲ့လည်း ကုန်သွယ်မှု အထူး အခွင့်အရေးပေးစနစ် (Generalized System of Preference-GSP)  ကို မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်ပြီး ခံစားခွင့် ပေးလိုက်ပါတယ်။ ဒီလို ပေးတဲ့အတွက်ကြောင့် အီးယူကိုတင်ပို့တဲ့မြန်မာ့ပို့ကုန်တွေဟာအကောက် ခွန်ကင်းလွတ်တာ၊ အကောက်ခွန် လျှော့ပေါ့ခွင့် ရတာတွေကို အပြည့်အ၀ ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေ အပြည့်အ၀ ရဖို့အတွက်လည်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အီးယူတင်ပို့တဲ့ မြန်မာ့ပို့ကုန်တွေအပေါ် လိုအပ်တဲ့ Form-A ကို ထုတ်ပေးလျက် ရှိပါတယ်။
 
မြန်မာ့ ရေထွက်ကုန်မြန်မာ့ပို့ကုန်တွေ အားလုံး အီးယူက ပေးတဲ့ ဂျီအက်စ်ပီအခွင့်အရေးတွေကို အပြည့်အဝရရှိတဲ့ အထဲမှာ ရေထွက်ကုန် ပစ္စည်းတွေလည်း ပါဝင်ပါ တယ်။ အဲဒီလို ရရှိဖို့အတွက်က အီးယူူရဲ့သတ်မှတ် ထားတဲ့စံချိန်စံနှုန်းများနဲ့အညီ ဆောင်ရွက်ပေးပိ့ု ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ရေထွက်ပို့ကုန် လုပ် ငန်းရှင်များအနေနဲ့ အီးယူရဲ့ သတ်မှတ်ချက်တွေ အတိုင်း တင်ပို့နိုင်ဖို့အတွက် အခက်အခဲတွေနဲ့ လည်း ကြုံတွေ့နေရတာတွေ ရှိနေတယ်လို့ သိရပါ တယ်။ မြန်မာ့ ရေထွက်ပို့ကုန် လုပ်ငန်းများ အီးယူရဲ့ စံချိန်စံနှုန်းများနဲ့အညီ တင်ပို့နိုင်ရေး၊ ဂျီ အက်စ်ပီ အခွင့်အရေးပြည့်ဝစွာ ရရှိရေးတို့အတွက် လိုအပ်ချက်တွေကို မြန်မာနိုင်ငံရေထွက်ကုန် လုပ် ငန်းရှင်များ အသင်းအနေနဲ့ တွေ့ကြုံနေရတာတွေ ကိုလည်း မြန်မာနိုင်ငံ ရေထွက်ပို့ကုန် အသင်းရဲ့ တာဝန်ရှိသူတွေဖြစ်တဲ့ ဦးမျိုးညွန့်(ဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံရေထွက်ပို့ကုန် အသင်း)နဲ့ ဦးအောင်နိုင် (အမှု ဆောင်၊ မြန်မာနိုင်ငံရေထွက်ပို့ကုန်အသင်း) တို့မှ နေပြီး ကောမတ်စ်ဂျာနယ်ကို တွေ့ဆုံပြောပြခဲ့ပါ တယ်။
အားသာချက်၊ အားနည်းချက်ဂျီအက်စ်ပီ အခွင့်အရေးရတဲ့ အတွက် ကြောင့် မြန်မာနိုင်ငံနဲ့အပြိုင် တင်ပို့နေတဲ့ ဗီယက် နမ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံနဲ့ ပြိုင်ဆိုင်ရာ မှာ အခွင့်အလမ်းကောင်းတွေ ရရှိလာမယ့်အခြေ အနေ အားသာချက်တွေနဲ့ ပတ်သက်ပြီး အခုလို သိရပါတယ်။ ရေထွက်ပို့ကုန်အသင်းရဲ့ ဥက္ကဌ ဦးမျိုးညွှန့်က “မြန်မာနိုင်ငံမှ ရေထွက် ထုတ်ကုန်စက်ရုံ ၁၃၆ ရုံ မှာ အီးယူ ဈေးကွက်သို့တင်ပို့ခွင့်ရထားသောစက် ရုံအရေအတွက်မှာ ၁၄ ရုံသာ ရှိပြီး အမှန်တကယ် တင်ပို့နေသော အရေအတွက်မှာ တစ်ဝက်ခန့် သာ ရှိပါတယ်။ ဒါကြောင့် လက်ရှိပို့နေသည့်စက်ရုံများ အတွက် အကျိုးရှိပေမယ့် အခြားနိုင်ငံများနှင့် နှိုင်း ယှဉ်ပြီးပြောနိုင်လောက်အောင် အခွင့်အလမ်းသိပ် မရှိသေးဘူးလို့ဘဲ ပြောချင်ပါတယ်”လို့ ပြောသလို အသင်းရဲ့ အမှုဆောင်တစ်ဦးဖြစ်သူ ဦးအောင်နိုင် ကလည်း “အီးယူဈေးကွက်သို့ ရေထွက်ကုန်များ တင်ပို့ရာတွင် ကုန်ဝယ်သူများ ပစ္စည်းထုတ်သည့် အခါ ဂျီအက်စ်ပီ မရခင် 8% Duty  ပေးခဲ့ရပြီး တော့ ဂျီအက်စ်ပီ ရပြီးတဲ့နောက်ပိုင်းကို ပေးစရာ မလိုပါဘူး။   Duty  မပေးရတဲ့ အတွက် ကျွန်တော် တို့ဆီက တင်ပို့တဲ့ ပစ္စည်းကို ဈေးပိုပေးပြီး ဝယ်နိုင် မှာဖြစ်ပါတယ်။ ဒါပေမယ့်တချို့နိုင်ငံတွေက အခွန် ပြန်အမ်း(rebate) ပြန်ပေးတာရှိပါတယ်။ (ဥပမာ- ထိုင်း ၅ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်ငါးအတွက်  USD 0.20/kg နဲ့ပုစွန်အတွက် USD 0.70/kg) ဘာပဲ ဖြစ်ဖြစ် ဂျီအက်စ်ပီရတဲ့အတွက် မြန်မာပစ္စည်းတွေ ကို အီးယူအနေနဲ့ ဈေးပိုပေးပြီး ဝယ်နိုင်မှာဖြစ်ပါ တယ်” လို့ ပြောပါတယ်။
ဆွေးနွေးမှုများ ပြုလုပ်ဒီလို အခွင့်အရေး ရရှိတဲ့အတွက် အီးယူ ဈေးကွက်ကို တင်ပို့ခဲ့တဲ့ မြန်မာ့ပို့ကုန်တွေအပေါ် အခွန် လျှော့ပေါ့ပေးမှာ ဖြစ်တဲ့အတွက်ကြောင့် မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ ဒီအခွင့်အရေး ကို မျှဝေခံစားဖို့အတွက် တစ်ဖက်ကုန်ဝယ်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးဖို့ အခြေအနေနဲ့ ပတ်သက် ပြီး ဆွေးနွေးရာမှာတော့ ဦးမျိုးညွှန့်က “ဆွေးနွေးမှု တွေ ရှိပါတယ်။ အမှန်ကကုန်တင်ပို့သူရဲ့ အခွင့် အရေးပါ။ သို့သော် နောက်ကြောင်းပြန်နဲ့ ပေးတဲ့ အခွင့်အရေးကို ကုန်ဝယ်သူမှ လျှောက်ရမှာဖြစ်တဲ့ အတွက် ကုန်ဝယ်သူက ပေးမှရမယ့်သဘောဖြစ် နေပါတယ်။ အမှန်က ကုန်ဝယ်သူက ကုန်ဝယ်စဉ် မှာ ဂျီအက်စ်ပီ အခွန်ကို နှိမ်ပြီးဝယ်ခဲ့တာပါ။ တကယ်လို့ ကုန်ဝယ်သူကပဲ ခံစားခွင့် ရှိမယ်ဆိုရင် ကုန်ဝယ်သူက နှစ်သီးစားရသွားမှာပါ။ ကျွန်တော် တို့ကလည်း FOB ရန်ကုန်ဈေးနဲ့ရောင်းခဲ့ရတော့ ခံစားရဖို့ အခွင့်အရေးကတော့ နည်းပါတယ်။” လို့ပြောပြီး အမှုဆောင် ဦးအောင်နိုင်ကတော့ “နောက်ကြောင်းပြန် အခွန်နဲ့ပတ်သက်ပြီး ကုန် ဝယ်သူနဲ့ပဲ ဆိုင်တာဖြစ်ပါတယ်။ ကုန်ဝယ်သူအနေ နဲ့ပဲ အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ရောင်းသူ အနေနဲ့တော့ ခံစားခွင့်ရှိမှာ မဟုတ်ပါဘူး။”လို့ ပြော ပြပါတယ်။
ဆောင်ရွက်ပေးရန် တာဝန်များမြန်မာ့ကုန်ပစ္စည်းတွေ အီးယူသို့ လက်တွေ့ တင်ပို့တဲ့အချိန်မှာ အီးယူဈေးကွက်က စားသုံးသူ တွေရဲ့ လိုအပ်ချက်အပေါ် မြန်မာ့လုပ်ငန်းရှင်များ အနေနဲ့ ဆက်သွယ်ရာမှာ တွေ့ကြုံရတဲ့ အခက် အခဲတွေနဲ့ ဝန်ကြီးဌာနတွေက ဆောင်ရွက်ပေး ရမယ့် လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ရာမှာတော့ ဦးမျိုးညွှန့်က “အီးယူ ဈေးကွက်ကို ရေထွက်ကုန် ရောင်းချရတာ မလွယ်ပါဘူး။ သူတို့ချမှတ်ထားတာက စတင်ဖမ်းဆီးတဲ့ အချိန်က စပြီး စားသုံးသူဆီ ရောက်တဲ့အထိသူတို့ သတ်မှတ် စံချိန်စံနှုန်းများနဲ့အညီ ဆောင်ရွက်ရတာပါ။ တစ်ဦးကောင်းလုပ်လို့ မရပါဘူးခင်ဗျ။ လုပ်ငန်းရှင် များ အပိုင်းနဲ့ငါးလုပ်ငန်းဦးစီးဌာန အပိုင်းဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ လုပ်ငန်းရှင်များအပိုင်းမှာ ငါး၊ပုစွန်ဖမ်းဆီးတဲ့ ငါး ဖမ်းလှေနဲ့လှေမှာ ကုန်ထားသိုမှု၊ ကုန်ချဆိပ်ကမ်း၊ ကုန်သယ်ယူပို့ဆောင်တဲ့မော်တော်ယာဉ်၊ အအေး ခန်း စက်ရုံရဲ့ပြုပြင်ထုတ်လုပ်မှု နဲ့သိမ်းဆည်းမှုစနစ် နဲ့ အလိုအလျှောက် အအေးဒီဂရီ မှတ်တမ်းများ၊ ဝန်ထမ်းများရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာ ရေး စစ်ဆေးမှုမှတ်တမ်းများ၊ နောက်ပြီး လုပ်ငန်း စဉ်တစ်လျှောက်လုံးမှာသုံးစွဲတဲ့ ရေ၊ ရေခဲ။ ငါးလုပ်ငန်း ဦးစီးအပိုင်းမှာ လုပ်ငန်းစဉ် တစ် လျှောက်လုံးမှာ အစားအစာ လုံခြုံ စိတ်ချရမှု အတွက် ပုံမှန်အရည် အသွေးစစ်ဆေးမှု မှတ်တမ်း များထားရှိမှု၊ ဓာတ်ခွဲစစ်ဆေးမှုနဲ့ ကျန်းမာရေး ထောက်ခံချက်ထုတ်ပေးခြင်းကိုလည်း မြန်မာ နိုင်ငံမှာ တစ်ခုတည်းသော ISO 17025 အသိ အမှတ်ပြုလက်မှတ်ရ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနရဲ့ဓာတ်ခွဲခန်းမှာ စစ် ဆေးပြီးထုတ်ပေးခြင်း။  I.U.U  (Illegal, unreported and unregulated)  လို့ခေါ်တဲ့ တရားမဝင် ငါးဖမ်းဆီးမှုကို ကာကွယ်ထားတဲ့ ထောက်ခံချက်တွေကို ဖမ်းဆီးခဲ့တဲ့ငါး ဖမ်းကွက် အမှတ်၊သင်္ဘောအမည်၊ ကုန်ချဆိပ်ကမ်းမှတ်တမ်း၊ ကုန်သယ်ယူတဲ့ မျှောတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ထုတ်ပေးခြင်းကို လုပ်ဆောင်ပေးရပါတယ်။အဲဒီမှာကြုံတွေ့နေရတဲ့ အခက်အခဲကတော့ ငါးဖမ်းစက်လှေတွေနဲ့ ငါးချ ဆိပ်ကမ်းတွေမှာ သုံး စွဲတဲ့ရေခဲပါ။သူတို့သတ်မှတ်ချက်က ရေခဲထုတ်   လုပ်ရာမှာသုံးစွဲတဲ့ရေဟာ ရေသန့် စက်နဲ့ထုတ်တဲ့ ရေဖြစ်ရမှာပါ။ ရေခဲတုံး အရွယ်အစားဟာလည်း တစ်နိုင် သယ်ယူလို့ ရနိုင်ရပါမယ်။ အဲဒီမှာ မြန်မာ နိုင်ငံရဲ့ရေခဲစက်တွေက လက်ရှိ ထုတ်လုပ်နေတဲ့ ထုတ်လုပ်မှုစနစ်အရ မကိုက်ညီဘူး ဖြစ်နေပါ တယ်။ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ အဲဒီကိစ္စကို FAO အကူအညီနဲ့ လုပ်ဆောင်ဖို့လုပ်နေတယ်လို့ သိရပါတယ်။နောက်အခက်အခဲတစ်ခုက နှစ် စဉ်ကြုံရတဲ့ လျှပ်စစ်မီး လုံး၀ ဖြတ်တောက်ခံရတဲ့ အခက်အခဲ ပါ။ အီးယူက လာစစ်ဆေးတဲ့အခါ အအေးခန်း တွေရဲ့ ဒီဂရီ မှတ်တမ်းတွေကိုလည်း စစ်ဆေးပါ တယ်။ အဲဒီမှတ်တမ်းတွေကို ဂရပ်မှတ်တမ်း (သို့မဟုတ်) အလိုအလျှောက် ပုံနှိပ်မှတ်တမ်း တွေကို စစ်ဆေးပါတယ်။ လက်ရေးမှတ်တမ်းကို အသိအမှတ် မပြုပါဘူး။ ဒီတော့ ကျွန်တော်တို့ အအေးခန်းစက်ရုံတွေအနေနဲ့ ကုန်ပစ္စည်းလတ် ဆတ်မှုနဲ့အတူ စောစောက ပြောသလို  မှတ်တမ်း တွေအတွက် မီးစက်တွေကို အသုံးပြုပြီး အအေး ခန်းတွေကို (-၂၀) ဒီဂရီအမြဲရှိ အောင်မောင်းနှင် ရတဲ့အခါ အခက်အခဲတွေအများကြီးကြုံ ကြရပါ တယ်။” လို့ပြောပြပါတယ်။ ဦးအောင်နိုင်ကတော့ “အီးယူကို တင်ပို့တဲ့နေရာမှာ မြန်မာနိုင်ငံက တီလားပီးယားနဲ့ ပစ္စည်းများကို တင်ပို့ခွင့်မရပါဘူး။မြန်မာပြည်မှ ပုစွန်တင်ပို့ရာမှာလည်း ပုစွန်ကို Lab Test အဖြေ မရမချင်း ကွန်တိန်နာကို ထုတ် မပေးဘဲ ဆိပ်ကမ်းမှာ ထိန်းသိမ်းထားတဲ့အတွက် ကုန်ဝယ်သူအနေနဲ့ စရိတ် မတရား ကုန်ကျမှု များနဲ့ တွေ့ကြုံရပါတယ်။  ဒါကြောင့်  မိမိတို့ Coldstore တွင်ထားခွင့်ပြုပြီး Lab Test အောင် မှသာ ရောင်းခွင့်ပြုရင် မြန်မာ့ပုစွန်များကို အီးယူ ဈေးကွက်သို့ ပိုမိုရောင်းချနိုင်မှာ ဖြစ်ပါတယ်။ဝန်ကြီးဌာနအနေဖြင့် ဂျီအက်စ်ပီ Form ကို အမြန် ဆုံးထုတ်ပေးနိုင်မယ်ဆိုရင်  Document ကို Bank မှာ Negotitate လုပ်ရာတွင် မြန်ဆန်ပြီး ငွေ မြန်မြန် ရရှိနိုင်မှာ ဖြစ်ပါတယ်။အချို့ငါးများကို မြန်မာနိုင်ငံ၌ ဝယ်ယူရာတွင် မလွယ်ကူတဲ့အတွက် တခြားနိုင်ငံက မှာယူ တင် သွင်းပြီး CMP စနစ်နဲ့ ပြန်လည် Export  လုပ် ခွင့်ပြုရင် စက်ရုံအတွက် သာမက ဝန်ထမ်းများပါ အလုပ်အကိုင်ရရှိနိုင်ပြီး နိုင်ငံခြားဝင်ငွေ ပိုမို ရရှိ နိုင်ကြောင်း တင်ပြလိုပါတယ်”လို့ ဖြည့်စွက်ပြောဆို ပါတယ်။
အမေရိကန်ကလည်း ပေးတော့မယ်ဆက်လက်ပြီး မကြာခင်မှာလည်း အမေရိ ကန်အနေနဲ့ မြန်မာနိုင်ငံကို ဂျီအက်စ်ပီ အခွင့်အရေး ပေးဖို့ ဆောင်ရွက်နေကြောင်း ဒါကြောင့်မို့ အီးယူနဲ့ အမေရိကန် ဈေးကွက်နှစ်ခုလုံးကို ဂျီအက်စ်ပီ အခွင့်အရေးနဲ့ တင်ပို့ခွင့်ရတဲ့အခါမှာ မြန်မာ့ ရေထွက်လုပ်ငန်းကဏ္ဍရဲ့ အနာဂတ် ဖွံ့ဖြိုး တိုး တက်ဖို့အတွက် ပုဂ္ဂလိကနဲ့ အစိုးရကဏ္ဍ နှစ်ခုစလုံး ကနေ ပြင်ဆင်ရန် လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်ကို ဆက်လက်မေးမြန်းရာမှာတော့ ဦးမျိုးညွှန့်က “အီးယူဈေးကွက်၊ အမေရိကန် ဈေး ကွက် ရယ်လို့ မဟုတ်ပါဘူး၊ ဘယ်ဈေးကွက်ကိုပို့ပို့၊ အစားအစာ လုံခြုံစိတ်ချရမှုက အဓိကပါ။ ဈေး ကွက်တွေက သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်း များအားလုံးဟာ အစားအစာ လုံခြုံစိတ်ချရမှု အတွက် ရည်ရွယ်တာပါ။ တရုတ်၊ ဗီယက်နမ် ဈေးကွက် တွေမှာလည်း သတ်မှတ်ချက်တွေရှိပါ တယ်။ ၂၀၁၅ ခုနှစ်မှာ အာဆီယံစံနှုန်းတွေ ကို လိုက်နာဖို့လိုအပ်လာမှာမလွဲမသွေပါဘဲ။အဲဒီတော့ လုပ်ငန်းရှင်တွေဖက်က GMP  ကောင်းမွန်သော ကုန်ထုတ်လုပ်မှုစနစ်၊  HACCP  အစားအစာ ဘေး အန္တရာယ် အကင်းဆုံး အခြေအနေသို့ လျှော့ချ တဲ့ ထုတ်လုပ်မှုစနစ်တွေကို ကျင့်သုံးဖို့လိုအပ်မယ် လို့ ယုံကြည်ပါတယ်။ အဲဒီလို ထောက်ခံချက်တွေ ရဖို့ နည်းပညာပိုင်းနဲ့ စစ်ဆေးပေးမှုအပိုင်းတွေကို ငါးလုပ်ငန်းဦးစီးဌာနနဲ့ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း တို့မှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက် ရှိပါ တယ်။ အဲဒီအစီအစဉ်မှာ သင်တန်းပေးခြင်း၊ စက်ရုံ များသို့ကွင်းဆင်းပြီး အကြံပြုခြင်းများ ဆောင်ရွက် ပေးနိုင်ကြောင်း ကမ်းလှမ်းထားပါတယ်။ လုပ်ငန်း ရှင်တွေက လက်ခံဆောင်ရွက်ဖို့ လိုအပ်ပါတယ်” လို့ပြောပြပြီး ဦးအောင်နိုင်ကတော့ “မြန်မာ့ ရေ ထွက်ကုန် ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ တင် သွင်းရာတွင် အမေရိကန် နိုင်ငံ၌ Foods Item အတွက်  Duty  ကောက်ခံခြင်း မရှိသည့်အတွက် ဂျီအက်စ်ပီ ရရှိလျှင် သိပ်ပြီးထူးခြားမှာ မဟုတ်ပါ ဘူ။ တခြားပစ္စည်းအတွက်သာ အကျိုးရှိမှာ ဖြစ် ပါတယ်။ (ဥပမာ-အထည်အလိပ်)ပေါ့ဗျာ” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ပြဿနာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံတွေ ပြိုကျလို့ အလုပ်သမားတွေ သေဆုံးရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက အလုပ်သမား အခွင့်အရေးအပေါ် လစ်လျူရှုထားတယ်ဆိုပြီး အမေရိကန်က ဘင်္ဂလားဒေ့ရှ် ကိုပေးတဲ့ အထည် ချုပ်တင်ပို့မှုအပေါ် ဂျီအက်စ်ပီအခွင့်အရေးတွေ ရုပ်သိမ်းဖို့စဉ်းစားနေတယ်လို့ သတင်းတွေ ဖြစ်နေ ပါတယ်။ အဲဒီကိစ္စ က ဘင်္ဂလားဒေ့ရှ် ရေထွက်ကုန် လုပ်ငန်းအပေါ်ထိခိုက်နိုင်မှုရှိ/မရှိ မေးမြန်းတဲ့အခါ မှာတော့ ဦးမျိုးညွှန့်က “ကုန်ပစ္စည်းမတူတော့ မထိ ခိုက်ဘူးလို့ ထင်ပါတယ်။ ဆိုရှယ်ပိုင်းနဲ့ ကြည့်ပြီး လုပ်ရင်တော့ မပြောတတ်ဘူးဗျ”လို့ ပြောပြီး ဦးအောင်နိုင်ကတော့“ဘင်္ဂလားဒေ့ရှ်မှ ဂျီအက်စ်ပီ ရုပ်သိမ်းရင်တော့ သူတို့နိုင်ငံက ရေထွက်ကုန် ပစ္စည်းများတွေပို့တာ ထိခိုက်နိုင်ပါတယ်” လို့ ပြော ပြပါတယ်။
ရေလုပ်ငန်းအတွက် လိုအပ်ချက်ဦးမျိုးညွှန့်က ရေလုပ်ငန်းနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုလည်း အခုလိုပြောပြပါတယ်။ “ကျွန် တော်တို့ ရေထွက်ကုန် ထုတ်လုပ်တဲ့လုပ်ငန်းက ပင်ပန်းပါတယ်။ ဝန်ထမ်းတွေ ဆိုလည်း ရေ၊ ရေခဲ တွေနဲ့အအေးထဲမှာလုပ်ရပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့လည်း အခက်အခဲအမျိုးမျိုးကို ရင်ဆိုင် ဖြေ ရှင်းကြရပါတယ်။ ကုန်ကြမ်း ရှားပါးလာမှုဟာ လည်း အဓိက စိန်ခေါ်မှု တစ်ခုပါပဲ။ ရေထွက် CMP  လုပ်ခွင့်ရလို့ အချို့စက်ရုံများ အလုပ် ပုံမှန် လုပ်နေနိုင်တာ ရှိလာပါတယ်။ စိုးရိမ်တာတစ်ခုကတော့ လာမယ့်နှစ် ဧပြီလ ကစပြီး စက်ရုံတွေကို နိုင်ငံတော်က လျှပ်စစ်မီး မပေးတော့ဘူး ဆိုတာပါဘဲ။ ပုဂ္ဂလိက က ပေးမယ် ဆိုလည်း ဘယ်လို နှုန်းထားနဲ့ပေးမှာလဲ ဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လျှပ်စစ်မီးဟာ အအေးခန်း စက်ရုံတွေအတွက် အဓိက အသက်သွေးကြောပါ။ ကျွန်တော်တို့လုပ်ငန်းတွေ ရှေ့လျှောက် လုပ် ကိုင်နိုင်ဖို့ နိုင်ငံတော်က ပံ့ပိုးမှုတွေ လိုအပ်ပါတယ်။ အထူးသဖြင့် ငါး၊ ပုစွန်မွေးမြူရေးအပိုင်းကိုပါ။ ရာသီဥတု  ပြောင်းလဲဖောက်ပြန်မှုတွေကြောင့် ရေထွက်သယံဇာတတွေ ရှားပါးလာတဲ့အခါမှာ မွေးမြူရေးအပိုင်းက အဓိကဇာတ်ကောင် ဖြစ်လာ မှာပါ။ ဈေးကွက်တွေပိုများလာတာနဲ့တကွ ကုန် ကြမ်းရှားပါးမှုတွေကို ကြုံလာမှာပါ။ အဲဒါကို ဘယ်လိုကြိုပြီး ပြင်ဆင်မယ်ဆိုတာ အရေးကြီး လာပါပြီ။နောက်ဆုံးအနေနဲ့ ဆွေးနွေးလိုတာကတော့ ဈေးကွက်တွေ ပိုများလာတာနဲ့အမျှ ကုန်ထုတ်လုပ် သူအားလုံး ဈေးကွက်လိုအပ်ချက်နဲ့အညီ အစား အစာ ဘေးအန္တရာယ်ကင်းအောင် ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်”လို့ ပြော သွားပါကြောင်း။