Main menu

Background

အောင်လံဈေးကွက်မှာ ပဲတီစိမ်းအဝင်လှိုင်နေသလို ရန်ကုန်-မန္တလေး အဆွဲ ပုံမှန်ရှိ

Tue, 08/06/2013 - 12:47 -- ydnar

အောင်လံဈေးကွက်မှာဒီတစ်ပတ်အောင်လံအနီးတစ်ဝိုက် ဒေသများမှ ပဲတီစိမ်းတွေ ဈေးကွက်ထဲဝင်ရောက်မှုတိုးလာသလို အိတ်စပို့ အတွက် ဝယ်ယူနေတဲ့ ရန်ကုန်-မန္တလေးဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီးဈေးပေးအဝယ်ရှိနေတယ်လို့ပွဲရုံ ရပ်ကွက်ကဆိုပါတယ်။ဈေးကွက်စဖွင့်ချိန်မှာပဲအဝင်များပေမယ့်ဒီရက် ပိုင်းမိုးရွာသွန်းမှုကြောင့်နောက်ပိုင်းရက်တွေမှာအဝင်လျော့လာတယ်။ ဒါပေမယ့် ဝယ်လက်တွေကတော့ ပဲရဲ့ အရည်အသွေးအလိုက်သူ့ ဈေးနဲ့ သူ အဝယ်ရှိနေလို့ နေ့တိုင်းအရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၁၃၂ ကျပ်(တစ် တန်ကို ၆၉၃၂၂၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။