Main menu

Background

ဓာတ်မြေသြဇာ ဈေးနှုန်းများ

Thu, 09/26/2013 - 14:03 -- ydnar

ထိုင်း၊ စင်ကာပူ၊ ဆွစ်ဇာလန်နဲ့ တရုတ်မှမြေသြဇာများအဝင်
နောက်ဆုံးသီတင်းပတ်ဖြစ်တဲ့ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်နေ့တာကာလ အတွင်း ကန်ဒေါ်လာ ကိုးသိန်းတစ်သောင်းကျော်တန်ဖိုးရှိ မြေသြဇာတန်ချိန် ၃၄၅၉ ဒသမ ၅၀ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ တင်သွင်းလာတဲ့ မြေသြဇာများမှာ ထိုင်းနိုင်ငံမှ မြေသြဇာတန် ချိန် ၈၄၀၊ စင်ကာပူနိုင်ငံမှ ကောမတ်စ်မြေသြဇာတန်ချိန် ၅၀၀ နဲ့ အခြားမြေသြဇာ တန်ချိန် ၈၇၄ ဒသမ ၅၀၊ နယူးဇီလန်နိုင်ငံမှ မြေသြဇာ တန်ချိန် ၅၀၀၊ တရုတ်နိုင်ငံ မှမြေသြဇာတန်ချိန် ၇၂၅ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်မြေသြဇာအဝင်မှာ တန်ချိန် သုံးထောင့်ငါးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် တစ်ရာ့တစ်ဆယ်ကျော်အဝင်လျော့ခဲ့ပါတယ်။

လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း မြေသြဇာအဝင်က ၁၁၀၇၇ တန်ချိန်ရှိခဲ့ပြီး ဇူလိုင်လအဝင်မှာ တန်ချိန် ၁၁၀၀၀ ရှိခဲ့တာကြောင့် သြဂုတ်လမှာ တန်ချိန်ခုနှစ်ဆယ်ကျော်သာအဝင်ပိုခဲ့တယ်လို့သိရပါတယ်။ MIRT (DOT)
 
 
အရောင်းအေးအေး ဈေးငြိမ်ငြိမ်နဲ့ ဈေးကွက်ရှိနေဆဲ မြေသြဇာ
ပြည်တွင်းကသြဂုတ်လ ၂၅ ရက်မှ သြဂုတ်လ ၃၁ ရက်အတွင်း ရေလမ်း မှ မြေသြဇာတန်ချိန် သုံးထောင်လေးရာသုံးဆယ့်ငါးတန် ဝင်ခဲ့တယ်လို့ သိရ ပါတယ်။ ယခင်တစ်ပတ်မှာမြေသြဇာအဝင်က တန်ချိန်သုံးထောင့်ငါးရာကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်တစ်ရာတစ်ဆယ်ကျော်အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။ယခုတစ်ပတ်နယ်စပ်လမ်းမှ မြေသြဇာအဝင်က တန်ချိန် နှစ်သောင်း သုံးထောင်ကိုးရာကျော်ရှိခဲ့ပြီးယခင်တစ်ပတ်မြေသြဇာအဝင်မှာတန်ချိန် တစ်သောင်း ရှစ်ထောင်ကိုးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် လေးထောင့်ကိုးရာ ငါးတန်ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ရေလမ်းမှ မြေသြဇာ အဝင်လျော့ခဲ့ပေမဲ့ နယ်စပ် လမ်းမှအဝင်ပိုခဲ့တယ်လို့သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင်၊မန္တလေး ၊တောင်ကြီး ၊မကွေး မှာ တချို့မြေသြဇာဈေးအတက်အကျရှိပေမဲ့  တချို့မှာတော့ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မြေသြဇာ အရောင်း အဝယ်က ပဲခူး၊ တောင်ကြီး၊ မန္တလေး၊မကွေးမှာအရောင်းရှိပေမဲ့မော်လမြိုင်ဘက်မှာတော့ အရောင်း အေးတယ်လို့ို့ သိရပါတယ်။    မော်လမြိုင်ဈေးကွက်မှာဒီတစ်ပတ်မှာမြေသြဇာအရောင်းအဝယ်အေးတယ် လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးနှုန်းတွေမှာ ပုလဲ-အသေး၄၆ရာခိုင်နှုန်း(ရွှေတုံး၊ ရွှေပျား ၊ရွှေ တောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၅၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ကျပ်၊ တီစူပါ ၄၆ရာခိုင်နှုန်း(သံကွင်း-တရုတ်) ၂၁၅၀၀ ကျပ်၊ တီစူပါ ၁၆ ရာခိုင်နှုန်း(မြား ကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ်နဲ့အရောင်းအဝယ် ဖြစ် တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာပုံမှန် အရောင်းအဝယ် ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၀၂၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၀၂၀၀ ကျပ်၊ ယူရီး ယား-ပုလဲ(ရွှေတောင်-တရုတ်)  ၂၀၂၀၀ ကျပ်၊ တီစူပါ ၁၂ ရာခိုင်နှုန်း(တရုတ်) ၈၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၅၀၀၀ကျပ်၊ ယူရီးယား (ယူ အေအီး)၁၈၅၀၀ ကျပ်၊ မြားကမ္ဘာ ၁၄၅၀၀ ကျပ်ဈေးရှိတယ်လို့  အရှေ့မြို့ပတ်လမ်း မှာရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်း အဝယ်ပုံမှန်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ မြားကမ္ဘာ-တရုတ်(၁၂း၁၃) (အပြာ) ၁၄၃၀၀ ကျပ်၊ မြားကမ္ဘာ-တရုတ်(၁၂း ၁၃-အစိမ်း) ၁၄၃၀၀ ကျပ်၊ ဆင်(၁၀း၁၀ း၅) ၁၄၀၀၀ ကျပ်၊ အာမို(၁၀း၁၀း၅) ၁၅၂၀၀ ကျပ်၊ အာမို (၁၅း၁၅း၁၅) ၃၄၅၀၀ကျပ်၊ ယူရီးယား-ပုလဲ (ရွှေ တောင်) ၁၉၂၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၀၂၀၀ ကျပ်၊အောင်ကမ္ဘာ (၁၀း၁၀း၅) ၁၆၃၀၀ ကျပ်၊ ပိုတက် ၂၅၈၀၀ ကျပ်၊ တောင်သူမ ၁၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာအရောင်း အဝယ်ပုံမှန် ရှိတယ်လို့ မြေသြဇာရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။မြေသြဇာ အရောင်း အဝယ် ပုံမှန်ရှိပေမဲ့ ဒီတစ်ပတ် မှာမြေသြဇာ ဈေးတွေနည်းနည်းတက် တယ်လို့ သိရပါတယ်။ ဒီလိုဈေးတက် ရတာကလည်း ကားခနဲ့ ငွေဈေး နည်းနည်းတက်တာကြောင့်လည်း ဈေး နည်းနည်းတက်လာတာလို့ ဆိုပါတယ်။ယူရီးယား (ရွှေတောင်-တရုတ်) ငါးရာ ကျပ်၊ တီစူပါ (GSSP) ၁၆ရာခိုင်နှုန်း နှစ်ရာကျပ်၊ကွန်ပေါင်း(၁၀း၁၀း၅)က လေးရာ ကျပ် ဈေးမြင့်ပြီး တီစူပါ (GTSP) ၄၆ရာခိုင်နှုန်းက နှစ်ရာကျပ် ဈေးကျလာတယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်နေတဲ့ဈေးများမှာ ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၂၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၂၀၅၀၀ ကျပ်၊ တီစူပါ (GSSP) ၁၂ရာခိုင်နှုန်း ၈၂၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ ၁၃၇၀၀ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။        MIRT (DOT)