Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ချေးငွေများထုတ်ပေးပြီးစီး

Mon, 10/07/2013 - 13:17 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ကျေး လက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ ချရေးအတွက် အထောက်အကူဖြစ်စေ မဲ့ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေမှ ၂၀၁၃-၁၄ခုနှစ်အတွက် ပံ့ပိုးချေးငွေများ ကို ကော်မတီ ၈ ရပ်အား ခွဲဝေသတ် မှတ်ချထားပေးခဲ့ပါတယ်။ အဆိုပါ ရန်ပုံငွေမှစစ်ကိုင်းတိုင်းဒေသကြီးအသေး စားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေး အတွက် ကျပ်သိန်း ၂၇၂၀ခွင့်ပြု ခဲ့ရာ တိုင်းဒေသကြီးကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာနတိုင်းဦးစီးမှူးရဲ့ လမ်းညွှန် ကြီးကြပ်မှုနဲ့ သက်ဆိုင်ရာကော်မတီဝင် များမှ မြို့နယ်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်ပတ်အတွင်းက မြို့နယ်အလိုက်လုပ် ငန်းအလိုက် ထုတ်ချေးပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရန်ပုံငွေများ ထုတ်ချေး ရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၈ ခု၊ မြို့နယ် ၃၇ မြို့နယ်တို့မှာ OVOP လုပ်ငန်းရှင်များအား ကျပ်သိန်း ၁၅၃၀၊ SMEs  လုပ်ငန်းရှင်များအား ကျပ်သိန်း ၁၁၉၀၊ စုစုပေါင်း ကျပ်သိန်း ၂၇၂၀တိတိကိုကျေးလက်ဒေသအသေး စားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေး ကဏ္ဍအတွက် အရင်းအနှီး၊ နည်း ပညာ၊ ဈေးကွက်နဲ့ အလုပ်အကိုင်အခွင့် အလန်းများ တိုးပွားစေဖို့ ရည်ရွယ်ပြီး၊ သက်ဆိုင်ရာကော်မတီများကစည်းကမ်း ချက်များ၊ လုပ်ထုံးလုပ် နည်းများနဲ့အညီ အချိန်မီထုတ်ချေးပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ချေးငွေကာလနဲ့ အတိုးနှုန်းများ ကတော့ OVOP လုပ်ငန်းအတွက်တစ်လ အတိုးနှုန်း ဒဿမ ၇၅ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ ၁ နှစ်၊ SMEs  လုပ်ငန်း အတွက် တစ်လအတိုးနှုန်း ဒသမ ၅၀ ရာခိုင်နှုန်းဖြင့်ချေးငွေကာလ၂ နှစ်သတ် မှတ်ထားတယ်လို့ သိရပါတယ်။ အခုလို အတိုးနှုန်းသက်သာပြီး၊ ချေးငွေကာလ ကြာမြင့်တဲ့အတွက်ကျေးလက်ဒေသက အသေးစားကုန်ထုတ်လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းကို တိုးတက်အောင် ဆောင်ရွက်ချိန်ရရှိပြီး၊ မိမိအကျိုးစီးပွား မြင့်မားစေသလို မိမိဒေသကိုလည်း တိုက်ရိုက်ဖွံ့ဖြိုးစေမှာဖြစ်လို့ ရရှိတဲ့ ချေးငွေကို စနစ်တကျကိုင်တွယ်အရင်း အနှီးပြုလုပ်ခြင်းနဲ့ တိုင်းဒေသကြီးအစိုး ရရဲ့ စေတနာကိုတုန့်ပြန်သွားကြရမှာ ဖြစ်ပါကြောင်း။   ထွန်းလှိုင် - မုံရွာ