Main menu

Background

U-KISS အဖွဲ့မှ ရှင်ဒေါင်ဟို နုတ်ထွက်

Mon, 10/21/2013 - 11:52 -- ydnar

Kpop ရဲ့ယောကျ်ားလေးအဆို တော်များနဲ့ ဖွဲ့စည်းထားတဲ့ U-KISS အဖွဲ့မှ အသက်အငယ်ဆုံးအဖွဲ့ဝင် အဆို တော်တစ်ဦးဖြစ်တဲ့ ရှင်ဒေါင်ဟိုဟာ အဖွဲ့ကနေ တရားဝင်နုတ်ထွက်သွားပြီ ဖြစ်တယ်လို့ NH မီဒီယာက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

U-KISS အဖွဲ့ဟာ ဒီလကုန်ပိုင်း မှာ တေးအယ်လ်ဘမ်အသစ်ကို ထွက်ရှိ မှာဖြစ်ပေမယ့် အဲဒီတေးအယ်လ်ဘမ် မှာတော့ ရှင်ဒေါင်ဟို မပါဝင်ဘူးလို့ ဆို ပါတယ်။အသက် ၁၉နှစ်အရွယ်ရှိ ရှင် ဒေါင်ဟိုဟာ သူ့ရဲ့ကျန်းမာရေးအခြေ အနေကြောင့် U-KISS အဖွဲ့ရဲ့တေးသံ ရှင်တစ်ဦးအဖြစ်ဆက်လက်ရပ်တည်နိုင် လောက်အောင် ကောင်းမွန်ခြင်းမရှိတဲ့ အတွက် ခုလို အဖွဲ့ကနေ နုတ်ထွက်ရ တာဖြစ်တယ်လို့ ရှင်ဒေါင်ဟိုက ထုတ် ဖော်ပြောကြားပါတယ်။''ထင်ရှားကျော်ကြားသူတစ် ယောက်ဖြစ်ဖို့ထက်ကျန်းမာရေးကောင်း ကောင်းနဲ့ ဘဝတစ်ခုကို ပုံမှန်အတိုင်း ဖြတ်သန်းသွားနိုင်ဖို့အတွက်ကိုပဲ ကျွန် တော်လိုချင်ပါတယ်''လို့ ရှင်ဒေါင်ဟိုက ပြောကြားခဲ့ပါတယ်။U-KISS အဖွဲ့ရဲ့ အေဂျင်စီဖြစ် တဲ့ NH Media ဟာ ရှင်ဒေါင်ဟိုရဲ့မိဘ များနဲ့သွားရောက်တွေ့ဆုံခဲ့ပြီး ဆွေးနွေး ခဲ့ပေမယ့် ရှင်ရဲ့မိဘတွေရဲ့ဆုံးဖြတ်ချက် အတိုင်းသာ လိုက်နာလုပ်ဆောင်ရုံသာ ရှိတော့တယ်လို့ဆိုပါတယ်။U-KISS အဖွဲ့ကို ၂၀၀၈ခုနှစ်က တည်းက စတင်ဖွဲ့စည်းခဲ့ပြီး ကမ်ကီဘမ် နဲ့အလက်ဇန္ဒားလီအူစီဘီယိုတို့ အဖွဲ့မှ ထွက်သွားပြီးနောက်ပိုင်း ရှင်ဒေါင်ဟို ပါဝင်လာခဲ့တာဖြစ်ပါတယ်။ရှင်ဒေါင်ဟိုထွက်သွားတာကြောင့် U-KISS အဖွဲ့မှာ ဆိုဟောင်း၊ ကီဆွတ်၊ အီလီ၊ အာဂျေး၊ ဟွန်းနဲ့ ကီဗင်တို့ ခြောက်ဦးနဲ့ တေးအယ်လ်ဘမ်သစ်ကို ယခုလပိုင်းမှာ ထွက်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။