Main menu

Background

အကြီးဆုံး ဆန်ဈေးကွက်ကြီးသုံးခုမှာ ဗီယက်နမ် အခက်အခဲ တွေ့နေ

Thu, 02/13/2014 - 03:49 -- ydnar

တရုတ်နိုင်ငံက ဗီယက်နမ်ဆန်ကို လက်ကမ်းကြိုဆိုနေပေမဲ့ ဆန်ဈေးကြီး သုံးခုကိုဝင်ရောက်နိုင်ဖို့အတွက် ဗီယက် နမ်ဆန်တွေ ယခုအခါမှာ "အန္တရာယ် နဲ့ရင်ဆိုင်နေရ" ကြောင်း၊ ဒါကြောင့် ဈေးကွက်တွေကို သတိထားနေရ ကြောင်း ဗီယက်နမ်နက်ဘရစ်ဝက်ဘ် ဆိုက်သတင်းမှာ ဖော်ပြထားပါတယ်။ ဗီယက်နမ်မှ ဆန်တင်သွင်းရာမှာ လိုင်စင်စည်းကမ်းဖောက်ဖျက်မှုတွေရှိ နေတာကို အထောက်အထားတွေ့ရ ထားကြောင်း၊ အင်ဒိုနီးရှားစီးပွားရေးရာ ဝန်ကြီး ဟက်တာရာဂျာဆာက ပြော ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ က ဖော်ပြပါတယ်။ အင်ဒိုနီးရှားအစိုးရ ကတစ်သီးပုဂ္ဂလအဖွဲ့တွေကို ဆန်တင် သွင်းခွင့်မပြုထားကြောင်း၊ ဈေးနှုန်း တည်ငြိမ်မှုရှိဖို့အတွက် ဘူးလော့လို့ခေါ် တဲ့နိုင်ငံတော်အေဂျင်စီကိုသာ ဆန်တင် သွင်းခွင့်ပြုထားကြောင်း ဟက်တာရာ ဂျာဆာကပြောပါတယ်။

ဖိလစ်ပိုင်သွင်းကုန်လုပ်ငန်းတွေနဲ့ Southern Food Corporation (Vinafood 2) တို့စာချုပ်ချုပ်ဆိုတင်ပို့ ခဲ့တဲ့ တန် ၁၂၀၀၀၀ ကတရားမဝင် ကြောင်းနဲ့ ဒီအဖြစ်မပျက်မတိုင်မီ ၂၀၁၃ ခုနှစ်ကလည်း ဖိလစ်ပိုင်စားနပ်ရိက္ခာ အေဂျင်စီ (NFA) ကလည်း တင်သွင်း မှုကို အကောက်ခွန်အေဂျင်စီက ပိတ် ပင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသားခွဲတမ်း အစီအစဉ်အရ ဖိလစ်ပိုင်စီးပွားရေးလုပ် ငန်းတွေက ထိုင်း၊ အိန္ဒိယ၊ တရုတ်နဲ့ သြစတြေးလျထံမှသာဝယ်ယူခွင့်ရှိပါ တယ်။ တခြားနိုင်ငံတွေက တင်သွင်း မယ်ဆိုရင် ဆန်တင်သွင်းသူတွေက (NFA) ရဲ့ခွင့်ပြုချက်ကို ကြိုတင်ယူရမှာ ဖြစ်ပါတယ်။ ဗီယက်နမ်ရဲ့ သစ္စာရှိပို့ကုန်ဈေး ကွက်တွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့မလေးရှားတို့ကို တင်ပို့မှုက မကြာ သေးမီကာလအတွင်း သိသိသာသာကျ ဆင်းခဲ့ပါတယ်။ ဒါကြောင့် ဗီယက်နမ် ဆန်ထုတ်လုပ်မှုက တရုတ်နိုင်ငံကိုတင်ပို့ နိုင်မှုကြောင့် အသက်ရှုချောင်ခဲ့ပါတယ်။ တရုတ်ဈေးကွက်က ဗီယက်နမ်စုစု ပေါင်းဆန် ၃၂ ရာခိုင်နှုန်းကိုဖြုန်းအား ရှိပြီး အာဖရိကဈေးကွက် ၃၀ ရာခိုင် နှုန်းကိုစားသုံးပါတယ်။ ဒါပေမဲ့ဗီယက်နမ်က စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးရေးစီမံချက်ကိုချမှတ်လုပ် ဆောင်ခြင်းမရှိဘူးဆိုရင် တရုတ်နိုင်ငံရဲ့ ပို့ကုန်ဈေးကွက်မတည်ငြိမ်မှုကြောင့် အ ခက်အခဲတွေ့နိုင်တယ်လို့လည်း သတိ ပေးထားပါတယ်။         ဉာဏ်တင်