Main menu

Background

့မြန်မာ့စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆီသို့

Mon, 06/16/2014 - 07:50 -- ydnar

 

ကျွန်တော်သည် ပြီးခဲ့တဲ့Trade, Investment and SMEs Workshopခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၊ အင်ဒို နီးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံများရှိ အသေးစားအလတ်စား စက်မှု လုပ်ငန်းနှင့်အကြီးစားစက်မှုလုပ်ငန်းများဖြစ်သည့်ချည်မျှင်နှင့် အထည်စက်ရုံ များ၊ မော်တော်ကားထုတ်စက်ရုံများသို့ တစ်လ နီးပါးသွား ရောက်လေ့လာ မှုများ ပြုလုပ်ခဲ့ရပါ သည်။ လေ့ လာ တွေ့ရှိ ခဲ့များ အပေါ်အားသာချက်၊အားနည်းချက်များကို အုပ်စု ဖွဲ့ လေ့လာ သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြ ရပါသည်။ ထို့ ပြင် နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှု မူဝါဒ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးမှု မူဝါဒများ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို နှိုင်း ယှဉ်လေ့လာ သုံးသပ်ဆွေးနွေးခဲ့ရသည်။ အဆိုပါ မူဝါဒများ အပေါ် ဆက်နွယ်လွှမ်းမိုးနေသည့် အကောက်ခွန်လုပ်ထုံး လုပ် နည်းမူဝါဒနှင့် သွင်းကုန်ထုတ်ကုန် လုပ်ထုံးလုပ်နည်း မူဝါဒများကိုပါ လေ့လာဆွေးနွေးမှုများလည်း ပါ ဝင်သည်။

ထိုအလုပ်ရုံ ဆွေးနွေးပွဲကို ဦးစီးဦးဆောင်လိုက်ပါဆောင်ရွက်ပေးခဲ့သူကတော့Tokyo University of Science တက္ကသိုလ်မှ Prof. Mr. Matsushima ဖြစ်သည်။ ဆရာကြီး သည်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ အထူး သဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာေ စရေး အတွက် ဂျပန်နိုင်ငံ၏ဆောင်ရွက်ခဲ့ပုံ၊  အင်ဒိုနီးရှား နိုင်ငံ၊ ထိုင်းနိုင်ငံတို့၏ စက်မှုလုပ်ငန်းများ အဆင့် ဆင့် ပြောင်းလဲေ ဆာင် ရွက်ခဲ့ပုံများကို ကိုးကား၍ ဆွေးနွေးသင်ကြားပေးခဲ့သည်။ထိုသင်ခန်းစာများ ကို အခြေခံရယူ၍ မြန်မာနိုင်ငံ၏ စက်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆောင် ရွက်ဖို့၊ နောက်ပြီး မိမိမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ဖို့မြန်မာနိုင်ငံသားများ ကသာ လျှင် ဆောင်ရွက်ဖို့ တာဝန်ရှိကြောင်းကိုလည်း ထပ်မံလမ်းညွှန်မှု ပြုခဲ့ပါသေး သည်။
 
ကျွန်တော်တို့ မြန်မာနိုင်ငံ၏ စက်မှုသမိုင်းကို ကြည့်ရင်  ခေတ်တစ်ခေတ်စော၍ဖွံ့ဖြိုးရန် အခြေအနေ ကောင်းမွန် ခဲ့ သော နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတရားကြီး လက်ထက်တွင် အိမ်ရှေ့စံ ကနောင် မင်း သားကြီးသည်  မြန်မာ့စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေ ရန် ကြိုးစားစီမံ ဆောင်ရွက်ခဲ့သည်။ အားလုံး သိမည်ဟုတင် သည်။သမိုင်းအသိလည်းဖြစ်ပါသည်။ဘယ်သူကြောင့်ဟုအပြစ်တင်ပြောဆိုနေဖို့လိုမည်မထင်ပါ။သမိုင်းတစ်လျှောက် ကျင့်သုံး ခဲ့ကြ သည့်မူများကြောင့်ဖြစ်တည်ခဲ့ရသည်ဟုထင် သည်။ ယခုမြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှု အရှိန် အဟုန် ဖြင့် ရှေ့ သို့ချီ တက်နေပြီ ဖြစ်သည်။ လက်ရှိမြန်မာ့စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ကိုသာ ရည်ရွယ်ကြိုးစား ဖန်တီးကြရတော့ မည် ။ မြန်မာနိုင်ငံ၏ စီးပွားရေးကိုကြည့်လျှင် အဓိကအားဖြင့် လယ်ယာသားငါးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် စက်မှု ကဏ္ဍ ဟူ၍ ရှိသည့်အနက် စက်မှုကဏ္ဍ၏GDP ပါဝင်မှုအချိုးကို ပိုမိုတိုးမြှှင့်ရန် အစီအမံများဖြင့် ဆောင်ရွက်နေပြီ ဖြစ်သည်။ စက်မှုလုပ်ငန်းဆိုသည်မှာ အဘယ်သို့နည်း။ စက်မှုလုပ် ငန်းဆိုသည်မှာ ကုန်ကြမ်းသတ္တုများကိုအခြေခံ၍လူမှုလောက အတွက် အသုံးလိုသည့် ပစ္စည်းများကို ထုတ်လုပ်သည့် လုပ် ငန်းများဟုအကြမ်းအားဖြင့် ပြောလို့ရမည်ထင်ပါသည်။ ဒါဆို ရင် စက်ပစ္စည်းတွေကိုဘယ်လိုထုတ်ကြသလဲကျွန်တော်တို့စဉ်းစားကြည့်မည်။ကုန်ကြမ်းသတ္တုဆိုတာနဲ့ သတ္တုမျိုးစုံရှိတာ အားလုံး သိမည်ဟုထင်သည်။ သံ၊ သွပ်၊ကြေး၊ ပလက်တီနမ်၊ စတီး၊ ဘော်၊ခဲမဖြူ ၊ ရွှေ၊ ငွေ၊ ခဲ အစရှိသည်တို့သည်  သတ္တု များ ဖြစ်ကြ သည်။ အဆိုပါကုန်ကြမ်းသတ္တုများကို အခြေခံ၍ ထုတ်လုပ်ခြင်း ဖြစ်သည်။ အစကနဦး မိမိထုတ်လုပ်လိုသည့် စက်ပစ္စည်း၏ ပုံစံဒီဇိုင်းများကို ရေးဆွဲတွက်ချက်ရသည်။ ပြီးမှ ထုတ်လုပ်မှုကို စတင်ကြတော့သည်။ ထိုသို့စတင်ထုတ်လုပ်ရာ တွင်သတ္တုများ ကိုအရည်ကျိုမည်။ ပုံလောင်းပုံသွန်းမည်။ ဖိ စက် များဖြင့် ပုံဖော်မည်။ မလိုအပ်တာတွေကို ဖြတ်တောက် မည်။ လိုအပ်တဲ့ေ နရာတွေမှာ အပေါက်ဖောက်မည်။ အရစ် ဖော်မည်။ပင်နယံအသွားလိုအပ်ကပြုလုပ်မည်။ပြီးရင်အကြမ်း ညှိစားမ ည်။ နောက် အချောညှိစားမည်။ အမာတင်မည်။ဂဟေ တွဲဆက်ဖို့လိုကတွဲဆက်မည်။ ကြာရှည်ခံအောင် ဆေးသုတ် မည်။ နောက်ဆုံးေ ပါင်းစပ်တပ်ဆင်သည်။တချို့စက်ပစ္စည်း များထုတ်ရာတွင် အရည်ကျို ပုံသွန်းလောင်းခြင်း မလုပ်ဘဲ သံပြား၊ သံချောင်းလုံး များကို ဖြတ်တောက်ပြီး ပုံဖော်ဖိစက် များဖြင့် ထုတ်လုပ်ကြရသည်။ဒါတွေအားလုံးသည်ပင်လျှင် စက်မှုလုပ်ငန်းများ ဖြစ် သည်။ ဒီစက်မှုလုပ်ငန်းတွေကို လူ၏ လုပ်အားဖြင့် ဖြစ်စေ၊ စက်ရုပ်လုပ်သားများ၏ လုပ်အားနှင့် ဖြစ်စေ စက်ပစ္စည်း အထောက်အကူ ပစ္စည်းများဖြင့် တွဲဆက် ၍ ထုတ်လုပ်ကြရသည်။ ထုတ်လုပ်ရာတွင် စက်မှုလုပ်ငန်းစဉ် တစ်ခုချင်းအလိုက် နည်းပညာ၊ ကျွမ်းကျင်မှု၊  တီထွင်ဖန်တီး နိုင်မှု၊ ထုတ်လုပ်မှုနည်းစဉ်ကောင်းများ အတတ်ပညာ အသိ ပညာများစွာ ရှိသည်။ ဥပမာ သံရည်ကျိုပုံလောင်းခြင်းဆိုပါစို့။ ပထမ သံများကို အရည်ကျိုမည်။ အရည်ကျိုရာတွင် မီးဖြင့် အပူပေး၍ ကျိုရ သည်။ သံကိုအရည်ပျော်နိုင်အောင် လုံအိုးထဲသို့ သံနှင့် ရေနံ ဂျိုးကိုရော၍ ထည့်ရသည်။ ပြီးမှ လုံအိုးအောက်မှ ကျောက် မီးသွေးဖြင့်ြ ဖစ်စေ၊ လျှပ်စစ်မီးဖြင့်ဖြစ်စေ အသုံးပြု၍ မီးအပူ ပေးရသည်။ တစ်ပိုင်တစ်နိုင် စက်မှုလုပ်ငန်းများတွင် မိရိုးဖလာ နည်းပညာြ ဖင့်သံရည်ကျိုကြသည်။ ခေတ်မီနည်းများတွင် လျှပ် စစ်မီးဖိုကြီးများဖြင့် သံရည်ကျိုကြသည်။ နောက်ပြီး မိမိ ထုတ် လုပ်လိုသော စက်ပစ္စည်းကို ပထမဦးစွာ သစ်သားဖြင့်ဖြစ်စေ၊ ဖယောင်း ဖြင့်ဖြစ်စေ ပုံစံရရှိအောင် ပြုလုပ်ရသည်။ ရရှိလာ သောပုံစံကို သဲဖြင့် မို ပြုလုပ်ရသည်။ မို ဆိုသည်မှာ သံရည်ပုံ လောင်းရန်အတွက် ပုံစံခွက်ဖြစ်သည်။ သံရည်များကို မို အတွင်းသို့ လောင်းထည့်၍ ပစ္စည်းပုံကြမ်းကို ရယူရသည်။ ထို ပုံကြမ်းမှ မလိုတာတွေဖြတ်တောက်ရသည်။ လိုအပ်တဲ့ နေရာတွေမှာ အပေါက်ဖောက်ရ သည်။ အရစ်ဖော်ရသည်။ အကြမ်းညှိစားရသည်။ အချောညှိစားသည်။ အမာတင်ရ သည်။ဂဟေတွဲဆက်ကြရသည်။ ကြာရှည်ခံအောင်ဆေးသုတ် ရသည်။ တင်ပြလိုသည်မှာ အရည်ကျိုခြင်းကနေ ကြာရှည်ခံ အောင်ဆေးသုတ်တဲ့အထိ စက်မှု လုပ်ငန်းစဉ်များ အဆင့်ဆင့် ရှိသည်။အဆင့်တိုင်းတွင် နည်းပညာ၊ အတွေ့အကြုံ၊ တွေးခေါ် တီထွင်မှုစသည့် အတတ်ပညာများ များစွာရှိသည်။တင်ပြမှုသည် စက်မှုလုပ်ငန်း၏ လုပ်ငန်းအကျဉ်းချုပ် တင်ပြခြင်းဖြစ် သည်။ အသေးစိတ်တင်ပြရလျှင် လုပ်ငန်းစဉ် တစ်ခုမှာပင် စာ မျက်နှာပေါင်းများစွာ ရေးရမည် ဖြစ်သည်။  မြန်မာနိုင်ငံ၏စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ဖို့လို ကြောင်း၊ စီမံချက်များချ၍ ဆောင်ရွက်သင့်ကြောင်း၊ စိုက်ပျိုး ရေး နိုင်ငံဖြစ် သည့်အတွက် စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်း များကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်း၊   လယ်ယာသုံး စက်မှု လုပ်ငန်း များကိုသာ ထုတ်လုပ်သင့်ကြောင်း အကြောင်း သင့်၍ဆွေးနွေးပြောကြသည့်အတိုင်းအများက ထိုကဲ့သို့ ပြော ဆိုနေကြခြင်းြ ဖစ်သည်။စဉ်းစားကြည့်ဖို့လိုသည်ဟု ထင်သည်။ အဘယ်ကြောင့်နည်း။ စက် ပစ္စည်းများကိုထုတ်လုပ်ရာတွင် ဥပမာ မော်တော် ကားပဲ ထုတ် ထုတ်၊ ဆန်စက်ပဲ ထုတ်ထုတ်၊ လယ်ထွန်စက်ကိုပဲ ထုတ်ထုတ်။ စပါး ချွေလှေ့စက်ကိုပဲ ထုတ် ထုတ်၊ စပါးရိတ် သိမ်းစက်ကိုပဲ ထုတ်ထုတ်၊ မည်သည့် စက် ပစ္စည်များကို မဆို ဘာပဲ ထုတ် ထုတ် အထက်မှာ ကျွန်တော် တင်ပြထားခဲ့သလို စက်မှုလုပ် ငန်းများ၏ ထုတ်လုပ်မှုအခြေခံ သည် သံရည်ကျိုခြင်း၊ ပုံလောင်းခြင်း၊ ပုံဖော်ခြင်း၊ အပေါက် ဖောက်ခြင်း၊ အရစ်ပြု ပ်ခြင်း၊ ချောညှိစားခြင်း၊ ပင်နယံ အသွားဖော်ခြင်း၊ အမာတင်ခြင်း၊ ဂဟေဆက် တွဲဆက်ြ ခင်း၊ ဆေးသု တ်ြ ခင်း၊ ပေါင်းစပ်တပ်ဆင်ခြင်း စသည့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များသည်အားလုံးအတူတူပင်ဖြစ်သည်။ ဒါကြောင့် မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများ အမှန် ဖွံ့ဖြိုးတိုးတက်စေချင် ရင်အထက် တင်ပြပါထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်ခုချင်း အလိုက် ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရမည်သာ ဖြစ် သည်။
လက်ရှိမြန်မာနိုင်ငံတွင် ဆောင်ရွက် လုပ်ကိုင်နေသည့် သံရည်ကျိုခြင်း၊ ပုံလောင်းခြင်း၊ပုံဖော်ခြင်း၊ အပေါက် ဖောက် ခြင်း၊ အရစ်ဖော်ခြင်း၊ ပီနယံအသွားများပြုလုပ်ခြင်း၊ ချောညှိ စားခြင်း၊ အမာတင်ခြင်း၊ ဂဟေဆက်ခြင်း၊ ဆေးသုတ်ခြင်း၊  ပေါင်းစပ် တပ်ဆင်ခြင်းစသည့်လုပ်ငန်းများ၏အားသာချက်အားနည်းချက်များကိုအဓိကရှာဖွေ၍ပိုမိုတိုးတက် ကောင်းမွန်ေ အာင် ဆောင် ရွက်ကြရမည်ဟုထင်ပါသည်။ နည်းပညာအားနည်းရင် ခေတ်မီသည့်နည်းပညာများအားပေးကူညီ ပံ့ပိုး ပေး ရမည် ။ ထုတ်လုပ်သည့် ခေတ်မီစက်ကိရိယာများ အား နည်းရင် အထောက်အကူပြုပေးနိုင်ရန် စီမံဆောင်ရွက်ဖို့လို သည်။ လျှပ်စစ်မီး လိုလျှင်လျှပ်စစ်မီးရအောင်စီမံဆောင်ရွက်ပေးရမည်။ထုတ်လုပ်မှုနည်းစဉ်တွေစီမံခန့်ခွဲတာတွေ အားနည်း ရင် ကောင်းမွန် သည့် စီမံခန့်ခွဲမှုနှင့် ထုတ်လုပ်မှုနည်းစဉ်များကို  ရရှိအောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးဖို့လိုမည်။ ရင်းနှီး မြှုပ်နှံ မှု ငွေကြေး လိုအပ် ရင်လည်း လိုအပ်ချက်များကို နည်း လမ်းကောင်းများဖြင့် ပံ့ပိုးပေးနိုင်ရေး စီမံပေးဖို့လိုမည်။ကျွမ်း ကျင်သည့် အတတ်ပညာ ရှင်များ အသိပညာရှင်များလိုအပ်ပါ က စဉ်ဆက်မပြတ်ဖွံ့ဖြိုးနိုင်ရေး စီမံမွေးထုတ်ကြရမည်။ အဓိက အရေးကြီးသည့်အချက်ရှိသေးသည်။ အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး ဖြစ် သည်။ စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် အဓိက မောင်းနှင်ပေးမည့် လက်နက်မှာ မူဝါဒ ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက ဆိုသည်။  မူဝါဒ များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေရမည်ဟုလည်း ဆိုပါ သည်။  ဥပမာ စီးပွားရေးမူဝါဒနှင့် စက်မှုဖွံ့ဖြိုးရေး မူဝါဒ များသည် ချိတ်ဆက် မိနေရမည်ဟု ဆိုလိုရင်းဖြစ်သည်။ ထို့ အတူ အကောက်ခွန် ဆိုင်ရာမူဝါဒနှင့်သွင်းကုန်ထုတ်ကုန် မူဝါဒ များပါ ချိတ်ဆက်နေရမည်ဟုဆိုပြန်သည်။ ဒါကြောင့် မူဝါဒများ ချမှတ်ဆောင် ရွက်ရာတွင် မိမိ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သော၊ ပွင့်လင်းမြင်သာ သော၊ မိမိနိုင်ငံအမျိုးသား အကျိုးစီးပွားကို  ကာကွယ်စောင့် ရှောက်သော၊ လုပ်သာကိုင်သာရှိသည့် စီးပွားရေး လုပ်ငန်းစဉ် ကို ဦးတည်သော မူများဖြင့် မူဝါဒတစ်ခုနှင့်တစ်ခု ချိတ်ဆက် နေသည့် မူဝါဒများကို ရေးဆွဲသင့်ကြောင်း Prof. Mr. Matsushima က အလုပ်ရုံေ ဆွးနွေးပွဲတွင် အလေးအနက် ထား သင်ပြဆွေးနွေးပေးခဲ့သည်။ အကောက်ခွန်မူဝါဒကို ရေး ဆွဲရာတွင် အခွန်ပို မိုရရှိေ ရး တစ်ခုတည်းကိုသာ ရေးဆွဲထား ပါက စီးပွားရေးဖွံ့ဖြိုးမှု၊ စက်မှုကဏ္ဍဖွံ့ဖြိုးမှု လုပ်ငန်းများတွင် အထိုက်အလျှောက် ကန့်သတ်မှုများနှင့် ကြုံတွေ့ရနိုင်သည်ဟုဆိုပါသည်။ ပို့ကုန်သွင်းကုန် လုပ်ငန်းများတွင်လည်း အကောက်ခွန် ဆိုင်ရာ မူဝါဒကြောင့် စီးပွားရေး လုပ်ငန်းများ တွင် အနည်းနှင့်အများ ထိခိုက်နိုင်သည်ဟု ဆိုပါသည်။ သို့ဖြစ် ၍ မူဝါဒများ ကို ပေါင်းစပ်ရေးဆွဲစေခြင်းဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် လေ့လာတွေ့ရှိချက်အရ တင်ပြ ရလျှင် မော်တော်ကား တင်သွင်းခြင်းဖြစ်သည်။ ယခင် အင်ဒို နီးရှားနိုင်ငံတွင် မော်တော်ယာဉ်ဟောင်းများအား တင်သွင်း ခွင့်ပြုခဲ့သည်။ ထိုသို့တင်သွင်းမှုကြောင့် သွင်းကုန်များ အပေါ် တွင် အားကိုးနေသည့်အတွက် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်မှုသည် အာဆီယံနိုင်ငံများအတွင်း များစွာ နောက်ကျ ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ပြည်တွင်းစက်မှုလုပ်ငန်းများသည် လည်း ဖွံ့ဖြိုးမှုနောက်ကျလာပြီး တဖြည်းဖြည်း မှေးမှိန် လာခဲ့ သည်။ များပြားလာသည့် လူဦးရေအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု နည်းပါးခဲ့ခြင်းကြောင့် အလုပ်လက်မဲ့များ များစွာပေါ်လာခဲ့သည်ဟု ဆိုသည်။ သို့ ဖြစ်၍ မော်တော်ကား တင်သွင်းမှု မူဝါဒကို ပြန်လ ည်ပြုပြင် ပြောင်းလဲ ကာ မော်တော် ယာဉ်အဟောင်း တင်သွင်းခြင်းကို ပိတ်ပင်တားဆီးခဲ့သလို အချောကိုင်ပြီးေ သာ စက်ပစ္စည်းများ ကိုလည်း တင်သွင်းခွင့်ပိတ် ခဲ့သည်။အကြမ်းထည်စက် ပစ္စည်း များကိုသာ တင်သွင်းစေပြီး မိမိပြည်တွင်းမှာအချောကိုင်ပြု လုပ်စေကာ စက်ပစ္စည်းများ ကိုပေါင်းစပ်တပ်ဆင်ထုတ်လုပ်ခွင့် ခွင့်ပြုပေးခဲ့သည်။ ထို့ပြင် မော်တော်ကားအသစ် တင်သွင်း ခြင်းအား ခွင့်ပြုထားသော်လည်း တစ်ဖက်မှ အခွန်တိုးမြှင့်၍ စည်းကြပ် ပေးထားသည်။ အင်ဒိုနီးရှားနိုင်ငံသည် မူဝါဒများ ရေးဆွဲရာတွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နိုင်အောင် ရေးဆွဲခဲ့ သည်ဟု သိရသည်။ ထိုသို့ဖြင့် ပြည်တွင်း စက်မှုလုပ်ငန်းများမှာလည်း ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။  ယခုဆိုလျှင် အင်ဒိုနီးရှားနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးသော၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာသော နိုင်ငံ တစ်ခုသို့ရောက်ရှိလာခဲ့သည်၊။ အလုပ်အကိုင် အခွင့်လမ်းများ ကိုလည်း များစွာဖန်တီးပေးနိုင်ခဲ့သည်။ နိုင်ငံခြားမော်တော် ကားထုတ် စက်မှုကုမ္ပဏီကြီးများ လာရာက်ရင်းနှီးမြှုပ်နှံ လာခဲ့ ကြသည်။ ထိုကုမ္ပဏီကြီးများ၏   Supplier  ကုမ္ပဏီများပါတွဲ ၍ ရင်းနှီးမြှုပ်နှံ လာကြသည်။ ယခုဆိုလျှင် ဈေးအသင့်အတင့် ကားသစ်များကို အင်ဒို ပြည်သူပြည်သားများ ရရှိခံစားနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာဖို့ အင်ဒိုနီးရှား၏ ဆောင်ရွက်ခဲ့သည့်မူဝါဒကို လေ့လာသုံးသပ်ဖို့  စံနမူနာဖြစ်သည်ဟုထင်သည်။ ထိုအတူစီးပွားရေးမူဝါဒ၊ စက်မှု ဖွံ့ဖြိုးရေးမူဝါဒ၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းမူဝါဒ၊ သွင်း ကုန်ထုတ်ကုန် လုပ်ထုံးလုပ်နည်းမူများ ချိတ်ဆက်မိအောင် သုံးသပ်ဖို့ လိုသည်ဟု ထင်ပါသည်။ ကမ္ဘာ့နိုင်ငံများတွင်လည်း ထိုကဲ့သို့သော သာဓကများ ရှိပါသည်။ သို့ဖြစ်ရာ မြန်မာ့စက်မှု လုပ်ငန်းဖွံ့ဖြိုး တိုးတက် လာဖို့..စက်မှုလုပ်ငန်းများ၏ အဓိက အခြေခံစက်မှု ကုန် ထုတ်လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်အောင်မည်ကဲ့သို့  ဆောင် ရွက်သင့်သည်ကို ဝိုင်းဝန်းစဉ်းစား အဖြေရှာရင်း ..မြန်မာ့ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ရည်မျှော်ကာ  တင်ပြလိုက်ရပါကြောင်း ...။