Main menu

Background

အကောက်ခွန်မဲ့အလှကုန်ပစ္စည်းများ၊ စားပွဲခင်းနဲ့ အမျိုးသမီး ပုဝါစောင်များ ကျပ်သိန်း ၉၀ နီးပါး သိမ်းဆည်း

Tue, 09/02/2014 - 08:49 -- ydnar

မူဆယ် ၁၀၅ မိုင် Asia World Toll Gate အနီးမှာ သြဂုတ်လ ၅ ရက် နေ့နဲ့ ၈ ရက်နေ့များက အလှကုန် ပစ္စည်းများ  (Eyeshadow, Lip Stick, Two way cake makeup, Facial Cream/ Cleaner, Mask Scrub)  များ ခန့်မှန်းတန်ဖိုးကျပ်၁၁ ဒသမ ၇၃၅သိန်း ဖိုးနဲ့ ကျပ် ၁၈၀၀၀၀၀ တန်ဖိုးရှိ စားပွဲ ခင်း ၁၈၀၀ ထည်နဲ့ Shawl အမျိုး သမီးလည်ပတ်ပုဝါစောင်၃၀၀၀ထည်၊ ခန့်မှန်းတန်ဖိုးကျပ် ၆၀၀၀၀၀ ဖိုးအား မူဆယ်ထုတ်နုတ်Mobile Team အဖွဲ့မှ သိမ်းဆည်းရမိခဲ့တယ်လို့သတင်း ရရှိပါတယ်။ သိမ်းဆည်းရမိပစ္စည်းများရဲ့ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၈၉ ဒသမ ၇၃၅ သိန်းဖြစ်ပြီးအကောက်ခွန် အမှုတွဲများ ဖွင့်လှစ် သိမ်းဆည်းထား တယ်လို့ သိရပါတယ်။