Main menu

Background

ဈေးကောင်းရနေသည့် ကုန်းဇောင်းဧရာပဒေသာဆန်

Tue, 06/21/2022 - 16:32 -- journal_editor

စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ဧရာဝတီမြစ်၏အနောက်ဘက်ခြမ်းဒေသဖြစ်သော မင်းဘူးခရိုင်  ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ် တို့တွင် ဆည်ရေသောက်ဧရိယာရှိခြင်း၊ စပါးစိုက်ပျိုးရန် မြေဆီမြေနှစ် ရှိသော လယ်မြေများ အသင့် အတင့်ရှိခြင်းတို့ကြောင့် ရှေးမြန်မာမင်းများလက်ထက်ကတည်းက စကုဒေသထွက် ဗျတ်စပါးမှာ နန်းတွင်းသုံးစပါးအဖြစ် စိုက်ပျိုးထွက်ရှိခဲ့ရာ ''မယားတစ်ခုလပ် စပါးစကု ဗျတ်"ဟူ၍ စာဆိုရှိခဲ့ကြောင်း၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်း ဒေသမှ ထွက်ရှိသည့်  ဧရာပဒေသာဆန်အမျိုးအစားမှာ အရည်အသွေး ကောင်းမွန်ပြီး ပြည်တွင်းစားသုံးမှုအနေဖြင့်  လူကြိုက်များလှသဖြင့် ဒေသတွင်း စားသုံးမှုအပြင် မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ တပ်ကုန်း ဒေသများအထိပါ ဈေးကွက်ရောက်ရှိလာပြီး လူကြိုက်များ သောဆန်အဖြစ် ဈေးကောင်းရလျက်ရှိကြောင်း သိရှိရသည်။မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် (ကုန်းဇောင်း) ဒေသထွက် ဧရာပဒေသာဆန် (ဧရာမင်း)ဆန်သည် ဈေးကွက်တွင် ၂၀၁၁ ခုနှစ် မှစ၍  ဈေးကွက်ထိုးဖောက်နိုင်ခဲ့ပြီး  တစ်နှစ်ထက်တစ်နှစ် အရည် အသွေး မြင့်တက်လာခဲ့သည်။ အထွက် စပါး၊ ဆန် ဈေးနှုန်းမှာလည်း တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာပြီး ဆီးချို၊ သွေးချိုရှိသူများကလည်း ပေါ်ဆန်းနေရာတွင် အစားထိုးသုံးလာသည့်အတွက် စားသုံးမှုမြင့် တက်လာကာ ၂၀၂၂ ခုနှစ် မေလတွင် ဧရာပဒေသာ (မိုးစပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၅ သိန်း၊ ဆန်သစ် တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀ ခန့် ပေါက်ဈေးရှိကြောင်းကိုလည်း သိရှိရသည်။မကွေးတိုင်းဒေသကြီးအတွင်း   တောင်တွင်းကြီး၊   မြို့သစ်၊ မင်းဘူး(စကု)၊ စလင်း၊ ပွင့်ဖြူမြို့နယ်များတွင် ဧရာပဒေသာ(ဧရာမင်း) စပါးကို စိုက်ပျိုးကြသော်လည်း ပွင့်ဖြူဒေသမှ ထွက်ရှိသည့်  စပါး၊ ဆန်၏ အရည်အသွေးမှာ အကောင်းဆုံးဖြစ်ကြောင်းလည်း လေ့လာ သိရှိရသည်။ မကွေးတိုင်းဒေသကြီးတွင် အများဆုံး စိုက်ပျိုးသည့် ဆင်းသုခ၊ မနောသုခ၊ ပေါ်ဆန်းယဉ်နှင့် ဧရာပဒေသာမျိုးများကို မျိုး ယှဉ်ပြိုင်စိုက်ပျိုးခဲ့ရာတွင် ပေါ်ဆန်းယဉ်နှင့် ဧရာပဒေသာစပါးမျိုးမှာ အလေအလွင့်နည်းပြီး ဆန်အရည်အသွေး ကောင်းမွန်သည်။ ဧရာ ပဒေသာစပါးမှာ ပေါ်ဆန်းယဉ်နှင့်ယှဉ်ပါက နအေငညါ ျှကေူငအပ  ပိုမို ကောင်းမွန်သော်လည်း ရာသီဥတုဖောက်ပြန်၍ မိုးရွာခြင်း၊ လေတိုက် ခြင်းများဖြစ်ပေါ်ပါက အပင်ယိုင်လဲမှုရှိ၍ ကောက်ရိတ်စက်ဖြင့် ရိတ် သိမ်းရာတွင် အလေအလွင့်ရှိကြောင်း လေ့လာသိရှိရသည်။ ထို့ပြင် ပွင့်ဖြူကုန်းဇောင်းနယ်မှ   တောင်သူအများစုသည်  ထွက်ရှိသော စပါးများမှ  မျိုးချန်၍ မစိုက်ပျိုးကြဘဲ ကျောက်ဆည်၊ ပုသိမ်ကြီး၊ မှော်ဘီတို့မှ ျွှ မျိုးများကို ဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ မင်းဘူး ခရိုင်တွင် ဧရာပဒေသာ(ဧရာမင်း) စပါးမျိုးရောင်းချသည့် ကုမ္ပဏီ၊ မျိုးစေ့အရောင်းဆိုင် အများအပြားရှိသော်လည်း တာဝန်ခံမှုရှိသည့် မျိုးစေ့ကုမ္ပဏီများမှ စပါးမျိုးစေ့များကိုသာ ဝယ်ယူစိုက်ပျိုးကြကြောင်း သိရှိရသည်။၂၀၁၁ ခုနှစ်တွင် ဧရာပဒေသာဆန်ကို ဈေးကွက်  စတင်ထိုး ဖောက်ချိန်က   ဆန်ကုန်သည်အများစုမှာ    ဧရာပဒေသာဆန်၏ နအေငညါ ျှကေူငအပ မှာ ဈေးကွက်အတွင်းရှိ အခြား စပါး၊ ဆန်များ၏ အရည်အသွေးနှင့် မကွာကြောင်း၊ ကုန်းဇောင်းဒေသထွက် ဧရာပဒေ သာဆန်၏ အရည်အသွေးကို  ထိန်းနိုင်ရန်မှာ စပါးအရည်အသွေး အဓိကကျ၍ ဧရာပဒေသာစပါး မျိုးသန့်ရရှိရေးအတွက် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဌာနနှင့် ချိတ်ဆက်ခဲ့ကြောင်း၊ မိုးစပါးအဖြစ် ဧရာမင်းကို စိုက်ပျိုးပြီး နွေစပါးကို ရတနာတိုးနှင့် သီးထပ်ရင်တို့ကို စိုက်ပျိုးကြသည်။ ထွက်ရှိသည့်စပါးကို မျိုးချန်ပါက မျိုးမသန့်နိုင် သည့်အပြင် အထွက်နှုန်းကျဆင်းနိုင်သည်ကို တောင်သူများ သိရှိလာ သည့်အတွက် ျွှ စပါးမျိုးကိုသာ ဝယ်ယူ စိုက်ပျိုးလာကြကြောင်း၊ မျိုးစေ့ဈေးနှုန်းမှာ ပြင်ပစပါးပေါက်ဈေးပေါ် မူတည်၍ ဈေးနှုန်း အပြောင်းအလဲရှိကြောင်း သိရှိရသည်။ ကုန်းဇောင်းဧရာပဒေသာ ဆန်ကို ဆီးချို၊ သွေးချိုသမားများ စားသုံးမှု  များလာသည့်အတွက် ပြည်တွင်းသာမက ပြည်ပသို့ပါတင်ပို့နိုင်မည့် အရည်အသွေးရှိကြောင်း သိရှိရသည်။မင်းဘူးခရိုင် ပွင့်ဖြူ၊ စလင်းမှ ထွက်ရှိသည့် ဧရာပဒေသာဆန်မှာ ပြည်တွင်းစားသုံးမှု တစ်စတစ်စများလာပြီး အခြားဒေသများသို့ တင်ပို့ ရောင်းချနေရသည်ဖြစ်ရာ ယခုနှစ် တောင်သူများ၏ စိုက်ပျိုးထုတ် လုပ်မှုအောက် ဈေးနှုန်းကျဆင်းမှုအောက် ပဲခူး၊ ဧရာဝတီ၊ ရန်ကုန် တိုင်းတို့တွင် အခြေခံစပါးနှုန်း ကျပ်ငါးသိန်းသတ်မှတ်၍ ဝယ်ယူရ သည့် အခြေအနေ၌ပင် မကွေးတိုင်းဒေသကြီးထွက် ဧရာပဒေသာ စပါးမှာ ကျပ်ရှစ်သိန်းခွဲမှ ကျပ် ၁၅ သိန်းအထိ ဈေးနှုန်းများ ဖြစ်ပေါ် လျက်ရှိသည်။ပွင့်ဖြူမြို့ ကုန်းဇောင်းထွက် ဧရာပဒေသာစပါးမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စပါးတစ်တင်း လျှင် ကျပ် ၁၁၀ဝ၀ ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စပါးတစ်တင်းလျှင် ကျပ် ၁၀၅၀ဝ ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စပါးတစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စပါးတစ်တင်းလျှင် ကျပ် ၁၄၀ဝ၀ မှ ယခု ၂၀၂၂ ခုနှစ် မေလတွင် စပါးတစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ ဖြင့် ဈေးကောင်းရလျက်ရှိသည်။
စန္ဒာစိုးလွင်(မကွေး)