ရန်ကုန် ပွိုင့်လတ်မြေကွက်များ အရောင်းအဝယ်ဆက် ဒီဇင်ဘာလ ပထမပတ်အတွင်း ပွိုင့်လတ်မြေကွက်များ အရောင်းအဝယ် ဆက်ရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီများထံက သိရသည်။ ''ဒီအပတ်ထဲမှာပုဇွန်တောင်မြို့နယ်ထဲက ကွန်ဒိုတိုက်ခန်းတစ်ခန်း ကျပ်သိန်း ၆၅ဝ ဝန်းကျင်၊ သာကေတမြို့နယ်ထဲက လုံးချင်းတိုက်ကို ကျပ်သိန်း ၁၄ဝဝ ဝန်းကျင်၊ လှိုင်သာယာစက်မှုဇုန် ရွှေလင်ပန်းမှာ နှစ်ဧကခွဲ မြေမှာ ဂိုဒေါင်အပါ သိန်း ၇ဝဝဝ ဝန်းကျင်၊ ဗဟန်းရွှေတောင်ကြားလမ်းမှာ ပေ ၄ဝ ပတ်လည်မြေကွက် ကို ကျပ်သိန်း ၃ဝဝဝ ဝန်းကျင်နဲ့အရောင်းအဝယ်ရှိခဲ့တယ်။ ဒါ့အပြင် တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ ဗဟန်း၊ မရမ်းကုန်း၊ ရန်ကင်း၊ အင်းစိန်မြို့နယ်တွေထဲက မြေကွက်အချို့ ကျပ်သိန်း ၂ဝဝဝ နဲ့ ကျပ်သိန်း ၅ဝဝဝ အကြား မြေကွက်တွေ အရောင်းအဝယ်ရှိခဲ့တယ်ဆိုတာကို နိုင်ငံပိုင် သတင်းစာတွေထဲမှာ အရောင်းအဝယ် မြေကွက်ကိစ္စ ကြော်ငြာတွေမှာပါတာ တွေ့နိုင်ပါတယ်''ဟု ဝါရင့် အိမ်ခြံမြေလုပ်ငန်း ရှင်တစ်ဦးက ပြောပြသည်။ ယခုအပတ်အတွင်း အဝယ်ပြန်လိုက်ခဲ့သည့်မြေကွက် များမှာ အမှန်တကယ်နေထိုင်ရန် ဝယ်ယူသူများနှင့် ရင်းနှီးမြုပ်နံှမှုအနေဖြင့် ဝယ်ယူ သူများ ပါရှိနေသည်ဟုဆိုသည်။ ခင်မျိုးသွယ်
Background