Main menu

Background

ပြည်တွင်းဈေးမြင့်တက်လာနိုင်မှုကို ကာကွယ်ဖို့ ကိုလံဘီယာက ဆန်တင်သွင်းမယ်

Sun, 12/19/2010 - 05:20 -- Anonymous (not verified)

 ပြည်တွင်းဈေးမြင့်တက်လာနိုင်မှုကို ကာကွယ်ဖို့ ကိုလံဘီယာက ဆန်တင်သွင်းမယ်               ကိုလံဘီယာနိုင်ငံမှာ ယခုနှစ်အတွင်း မိုးကြာရှည်ရွာသွန်းမှုကြောင့် သီးနံှများပျက်စီးခဲ့ရတဲ့အတွက် ဈေးနှုန်းမြင့် တက်နိုင်မှု အခြေအနေကိုကာကွယ်ဖို့ အစိုးရက ဆန်တင်သွင်းသွားမယ်လို့ စိုက်ပျိုးရေးဝန်ကြီးက ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အချိန်မီဆန်တင်သွင်းသွားမှာဖြစ်ပေမဲ့ ပြည်တွင်းစိုက် ဆန်ပြတ်လပ်မှုမရှိရင်တော့ တင်သွင်းဆန်များကို အစိုးရက ရောင်းချခွင့်ပြုသွားမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ မတ်လကထဲက မိုးပိုမိုရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့လို့ လယ်ယာမြေဟက်တာ ၆၈ဝဝဝဝ ခန့် ပျက်စီးခဲ့တယ်လို့လည်း ထပ်လောင်းပြောကြားပါတယ်။ လမင်း၊ Sources: riceonline