Main menu

Background

တန်ဖိုးကြီး လမ်းမတန်းမြေကွက်များထက် အတွင်းပိုင်းမြေကွက်များ အရောင်းအဝယ်ဖြစ်မှုများတဲ့ ရန်ကုန် အိမ်ခြံမြေဈေးကွက်

Sun, 02/06/2011 - 10:17 -- Anonymous (not verified)

 တန်ဖိုးကြီး လမ်းမတန်းမြေကွက်များထက် အတွင်းပိုင်းမြေကွက်များ အရောင်းအဝယ်ဖြစ်မှုများတဲ့ ရန်ကုန် အိမ်ခြံမြေဈေးကွက်                          ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်သည် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလအတွင်း အရောင်းအဝယ်ဖြစ်မှုများရှိသကဲ့သို့ ငှားရမ်းမှုများလည်း များပြားခဲ့ကြောင်း သိရသည်။ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ကြရာတွင် ကျပ်သိန်း ၁ဝဝဝ မှ ကျပ်သိန်း ၁ဝဝဝဝ ကြား တန်ဖိုးရှိ အိမ်ခြံမြေများအရောင်းအဝယ်ဖြစ်ကြ ကြောင်း သိရသည်။''တန်ဖိုးကြီးတဲ့ လမ်းမတန်းမြေကွက်တွေ အရောင်းအဝယ်ဖြစ် တာနည်းတယ်။ အတွင်းပိုင်းတွေဖြစ်တာများတယ်'' ဟု ယူနတီက ကိုဇော်ဇော်က ပြောကြားသည်။ စီးပွားရေးအရ အချက်အချာကျသည့် နေရာများသည်ရောင်းချ လိုမှုနည်းပါးသည့်အတွက် ခေါ်ဈေးများကို အဆမတန် မြှင့်တင်ထားခြင်းကြောင့် အခြားအဖွဲ့များပါ ဈေးနှုန်းမြှင့်တက်လာပြီး ရင်းနှီးမြှုပ်နံှလိုသူများ ရှိနေသည့် အတွက် ဝယ်လိုအားလည်း မြင့်တက်လျက်ရှိကြကြောင်း၊ အိမ်ခြံမြေဈေးနှုန်းများ သည် ၃ နှစ်အတွင်း မြှင့်တက်လာမှုသိသာလာပြီး ယခင်က တစ်ပေလျှင် ကျပ် ၁ဝဝဝဝ ခန့်ကို ဝယ်သူမရှိကြသည့် တောင်ဥက္ကလာပအတွင်းပိုင်း အိမ်ခြံမြေများ သည် ကျပ် ၇ဝဝဝဝ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ အိမ်ခြံမြေဈေးကွက်အတွင်း ငှားရမ်းရမှုများသည် ကိုယ်ပိုင်စီးပွားရေးနှင့် တစ်ပိုင်တစ်နိုင်လုပ်ကိုင်လိုသူများနှင့် ဈေးနှုန်းမြင့်တက်လာမှုကို မျှော်လင့်ထားသည့် ပိုင်ရှင်များကြောင့် ငှားရမ်းမှုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။''မြို့တွင်းမှာ တော့ ငှားရမ်းကြတာက အရောင်းဆိုင်ဖွင့်ကြဖို့ပါ၊ စမ်းချောင်းမှာ တိုက်တစ်ခုလုံး ငှားပြီး ကော်ဖီဆိုင်ဖွင့်တဲ့သူတွေလဲရှိတယ်'' ဟု ပွဲစားတစ်ဦးက ပြောကြားသည်။ အငှားဈေးကွက်တွင် ရိုးရိုးတိုက်ခန်းများနည်းတူ ကွန်ဒိုတိုက်ခန်းများ ငှားရမ်းမှုများ ပြားပြီး လုံးချင်းငှားရမ်းမှုများလည်းရှိကြောင်း၊ ရိုးရိုးတိုက်ခန်းများသည် တာမွေ၊ မေတ္တာညွန့်၊ စမ်းချောင်းစသည့်မြို့နယ်များတွင် အမြင့်ဆုံးတစ်လသုံးသိန်းဖြင့် ငှားရမ်းမှုများရှိကြောင်း၊ ကွန်ဒိုတိုက်ခန်းများသည် ဗဟန်း၊ လှိုင်၊ ကျောက်တံတားစသည့် မြို့နယ်များတွင် အမြင့်ဆုံး ၁၆ သိန်းဖြင့် ငှားရမ်းကြကြောင်း သိရသည်။ ကိုဖြိုး