Main menu

Background

ဂျပန်ပြဿနာကြောင့် ကမ္ဘာ့ဆန်ဈေးမြင့်တက်နိုင်ခြင်းမရှိ

Sun, 03/20/2011 - 04:07 -- Anonymous (not verified)

ဂျပန်ပြဿနာကြောင့် ကမ္ဘာ့ဆန်ဈေးမြင့်တက်နိုင်ခြင်းမရှိ               ဂျပန်နိုင်ငံရဲ့ အချို့ဒေသတွေမှာ မြေငလျင်ဒဏ်ခံရလို့ ဆန်ဝယ်ယူစုဆောင်းကြတဲ့ သတင်းတွေထွက်လာပေမဲ့ ပြည်တွင်း ဆန်ဈေးကတော့ တည်ငြိမ်နေဆဲဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ နိုင်ငံအတွင်း သယ်ယူပို့ဆောင်မှု အခက်အခဲတွေ ရှိတာကြောင့် ဂျပန်နိုင်ငံဆန်ဈေးမြင့်ဖို့ အလားအလာတွေရှိပေမဲ့ ဆန်ပြတ်လပ်ဖွယ်တော့မရှိပါဘူးလို့ လေ့လာဆန်းစစ်သူများ ကဆိုပါတယ်။ စိုက်ပျိုးရေးဝန်ကြီး Michiko Kanoပြောကြားတာကတော့ နိုင်ငံအတွင်း ဆန်လက်ကျန်အလုံအလောက်ရှိပြီး လိုအပ်သမျှရောင်းချသွားမယ်လို့ ပြောကြားကြောင်း သိရပါတယ်။ထိုင်းနဲ့ ဗီယက်နမ်တို့က စပါးအမြောက်အမြားထွက်ရှိတာကြောင့် မကြာသေးခင်သီတင်းပတ်များအတွင်းက ကမ္ဘာ့ဆန်ဈေး ကျဆင်းနေတဲ့အတွက် ဂျပန်ပြဿနာက ဈေးနှုန်းကို မြင့်တက်စေနိုင်ဖွယ်မရှိပါဘူးလို့ အချို့ လေ့လာဆန်းစစ်သူ များက ဆိုပါတယ်။ ဒါပေမဲ့ ဂျပန်လယ်သမားတွေကတော့ နောက်ရာသီစိုက်ဖို့ လယ်ကွင်းများ အသင့်ပြင်ဆင်နိုင်မှုမရှိလို့ စပါးအထွက်တော့ ထိခိုက်နိုင်တယ်လို့ ၎င်းတို့က သတိပေးပြောကြားပါတယ်။               ယခုလအတွင်း ထိုင်းဆန်ဈေးဟာ တစ်တန်ကို ၂၅ ဒေါ်လာဝန်းကျင်ကျဆင်းခဲ့ပြီး ၅ မှတ်ဆန်ဈေးဟာ ၂ဝ၁၁ ခုနှစ်အတွင်း ပထမအကြိမ်အနေနဲ့ ကန်ဒေါ်လာ ၅ဝဝ ထက်လျော့ပြီး ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ လတ်တလော ဂျပန်နိုင်ငံရဲ့ ဆန်လက်ကျန်တန်ချိန် ၁ ဒသမ ၈၆ သန်းခန့်ရှိနေပြီး အဲဒီထဲမှာ တင်သွင်းဆန်က ၄၇ ရာခိုင်နှုန်းဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ ပြည်တွင်းထုတ်လုပ်မှုနဲ့ ဖူလုံပေမဲ့ WTO စည်းမျဉ်းအရ ဆန်တင်သွင်းရပါတယ်။            ငလျင်နဲ့ ဆူနာမီဒဏ်ခံရတဲ့ Aomori ၊ Iwate ၊ မီရာဂီနဲ့ ဖူဂီရှီးမားဒေသတွေရဲ့ ထုတ်လုပ်မှုဟာ ဂျပန်နိုင်ငံရဲ့ နှစ်စဉ်ထုတ်လုပ်မှု စပါးတန်ချိန် ၈ ဒသမ ၅ သန်းရဲ့ ၁၇ ရာခိုင်နှုန်း-၁၈ ရာခိုင်နှုန်းခန့် ထုတ်လုပ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံရဲ့ ဆန်ဈေးကို စိုက်ပျိုးရေးဆိုင်ရာ သမဝါယမများနဲ့ ပြည်တွင်းလက်ကား ကုန်သည်တွေအကြား သဘောတူညီမှုနဲ့ လစဉ် သို့မဟုတ် ၃ လတစ်ကြိမ်သတ်မှတ်တယ်လို့ သိရပါတယ်။ အချို့စူပါမတ်ကက်များနဲ့ လက်လီဆိုင်များဟာလည်း သမဝါယမများနဲ့ တိုက်ရိုက်ဆက်သွယ်ရောင်းချတယ်လို့ သိရပါတယ်။ လဝန်း၊ှSource: commodityonlince