Main menu

Background

ပြည်ပဝယ်လိုအားမြင့်မား၍ အာရှဆန်ဈေးမြင့်လာ

Sun, 05/01/2011 - 05:05 -- Anonymous (not verified)

ပြည်ပဝယ်လိုအားမြင့်မား၍ အာရှဆန်ဈေးမြင့်လာ            ဧပြီလနှောင်းပိုင်းအာရှဆန်ပြည်ပတင်ပို့မှု ဈေးနှုန်းတွေက ဧပြီလဆန်းထက် ပိုမိုမြင့်မားလာပါတယ်။ ပြည်ပ ဝယ်လို အားမြင့်မားတာက ထိုင်းဆန်ဈေးနှုန်းကို မြင့်မားစေကြောင်း၊ အဓိကမှာ အရှေ့အလယ်ပိုင်းနဲ့ အာရှမှ ဝယ်လို အားမြင့်မားနေကြောင်း သိရပါတယ်။ ဗီယက်နမ်မှာလည်း လယ်သမားတွေက စပါးကို ရောင်းချမဲ့အစား သိုလှောင်နေကြပြီး ပြည်တွင်း ဈေးမြင့်မားကာ ပြည်ပတင်ပို့မှုနှုန်းကိုလည်း မြင့်မားစေကြောင်းသိရပါတယ်။ ပြည်ပဝယ်လိုအားမြင့်မားမှုကြောင့် စပါးရိတ်သိမ်းချိန်ဖြစ်သော်လည်း ဈေးနှုန်းကျဆင်းမသွားကြောင်း၊ ယခုနှစ် ဆန်ကုန်သွယ်မှုက ပမာဏအရသော်လည်းကောင်း၊ ဈေးနှုန်းအရသော်လည်းကောင်း ထူးခြားဦးမယ်လို့ ထိုင်းစီးပွားကူးသန်း ဝန်ကြီးဌာန အမြဲတမ်းဝန်ကြီး Yangon Phuangrach ကပြောကြားပါတယ်။ အာဖရိက၊ ဘင်္ဂလားဒေ့ရှ်နဲ့ အရှေ့အလယ်ပိုင်း ဒေသမှ ဆန်ဝယ်လိုအား အထူးကောင်းမွန်ဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။ Source:Bloomberg.com,riceonline.com ပပ