Main menu

Background

မတ်ပဲဈေး ကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ

Sun, 05/22/2011 - 05:12 -- Anonymous (not verified)

 မတ်ပဲစဉ် ကုန်စည်ဒိုင်          ရေတွက်ပုံ       ယခင်         ယခု         ပြောင်းလဲမှု၁ ဘုရင့်နောင်             ၁ တန်         ၆၃၆ဝဝဝ   ၆၁၅ဝဝဝ၂ မုံရွာ                     ၁ ပိဿာ          ၉၃ဝ        ၉၁၅၃ ပြည်                     ၁ ပိဿာ       ၁ဝဝဝ         ၉၆၅၄ ဟင်္သာတ               ၁ ပိဿာ         ၉၆ဝ          ၉၁၅၅ မန္တလေး                 ၁ ပိဿာ        ၉၆၇          ၈၈၃မတ်ပဲဈေး ကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ                  ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ(RC) ကို အိတ်စပို့ဝယ်လက်တွေက ပြည်ပအဝယ်နည်းသွားတာရယ်၊ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုးဈေးမငြိမ်တာရယ်အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၆၁ဝဝဝဝ ကျပ်မှ ၆၂၈ဝဝဝ ကျပ်အတွင်း တန် ၂၁၈၅ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ။် မန္တလေးဈေးကွက်မှာတော့ မတ်ပဲကို ဒေသတွင်းစက်သမားများကသာ အဝယ်ခပ်ပါးပါး ရှိပြီး ရန်ကုန်အဝယ်နည်းနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၈၃ ကျပ်(တစ်တန်ကို ၅၄ဝ၇၄ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာမှာ မတ်ပဲကို ပဲခွဲခြမ်းပြုလုပ်ရန် ဝယ်ယူသူများကတစ် ပိဿာ ၉၁၅ ကျပ် (တစ်တန်ကို ၅၆ဝ၃၃၆ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းးငယ်ကျနေကြောင်း မြို့ခံ ပွဲခွဲစက် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ ဟင်္သာတမှာ ရန်ကုန် ဝယ်လက်တွေက ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးအတက်အကျအပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေးမရတာကြောင့် အရောင်း အဝယ်ထင်သလောက် မဖြစ်ခဲ့ဘူးလို့ မြို့ခံပဲကုန်သည်တစ်ဦးကဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၁၅ ကျပ်(တစ်တန် ကို ၅၆ဝ၃၃၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။