Main menu

Background

ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ)ကို တရုတ်ကဈေးပေးအဝယ်ရှိလို့ ဈေးစွာ

Tue, 05/31/2011 - 10:00 -- Anonymous (not verified)

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ     ယခင်        ယခု           ပြောင်းလဲမှု ၁ မုံရွာ                   ၁ ပိဿာ     ၁၄၄၇      ၁၅၇၉ ၂ မန္တလေး              ၁ ပိဿာ       ၁၄၇၃     ၁၆ဝဝ ၃ မကွေး               ၁ ပိဿာ         ၁၄၇၅     ၁၄၇၅ ၄ ရေစကြို             ၁ ပိဿာ         ၁၄၇၅      ၁၅၂၆ ၅ ပခုက္ကူ               ၁ ပိဿာ         ၁၅၅၂      ၁၅၈၄ ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ)ကို တရုတ်ကဈေးပေးအဝယ်ရှိလို့ ဈေးစွာ                  ဘုရင့်နောင် ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်း)ကို အိတ်စပို့ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ ဆိုပါတယ်။ မန္တလေး ဈေးကွက်မှာတော့ တရုတ်အဆွဲပြန်သွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၆၅ဝ ကျပ် (တစ်တန်ကို ၁ဝ၁ဝ၄၄၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်အရောင်း အဝယ်ြဖစ်ခဲ့တယ်လို့သိရပါတယ။် မန္တလေး ဈေးကွက်မှာ ပဲတီ စိမ်း(အညာ)ထိပ်စကို တရုတ်က အရည်အသွေးကြိုက်နှစ်သက်လို့ ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြောက် လာပြီး တစ်ပိဿာကို ၁၆ဝဝ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ မြို့ခံပဲကုန်သည်များက ဆိုပါတယ်။ မကွေးဈေးကွက်မှာတော့ ပဲတီစိမ်းအရည်အသွေးညံ့ တာကြောင့် မန္တလေးအဆွဲအေးနေလို့ ဈေးသာရှိပြီး အရောင်းအဝယ် ပါးခဲ့တယ်လို့ သိရပါတယ။် ရေစကြိုဈေးကွက်မှာ မန္တလေး ၀ယ်လက် က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၂၆ ကျပ် (တစ်တန်ကို ၉၃၄၅ဝ၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၆ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ဈေးကွက်သို့ အဝင်ပုံမှန်ရှိပြီး အရည်အသွေးအလိုက် ကောင်းရင် ကောင်းသလို မန္တလေးဝယ်လက်က ဈေးပိုပေးပြီး အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရန်ကုန်ပဲခွဲစက်သမားတွေကလည်း ပစ္စည်းရဲ့ အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အခုလို ဝယ်လက်တွေက အပြိုင်အဆိုင် ဈေးပေးအဝယ်ရှိသလို ပဲတီစိမ်း စိုက်တောင်သူတွေကလည်း လက်ရှိဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ မုံရွာမှာတော့ နယ်စုံက ပဲတီစိမ်းတွေ အ၀င်လှိုင်လာသလို တရုတ်ဝယ်လက်ကလည်း အဆွဲသွက်လာတာကြောင့် တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပဲပွဲရုံပိုင်ရှင်တစ်ဦးဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၅၇၉ ကျပ်(တစ်တန်ကို ၉၆၆၉၆၃ ကျပ်)နဲ့နေ့စဉ်အိတ် ၈ဝဝ မှ ၁ဝဝဝ ကြား အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။