Main menu

Background

မှန်မှန်လေးလေး မုံရွာ V2 ဈး

Mon, 06/06/2011 - 07:45 -- Anonymous (not verified)

မှန်မှန်လေးလေး မုံရွာ V2 ဈး                 မေလ လကုန်ပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ V2 အနေနဲ့ ရန်ကုန်အဝယ်ပေါ်မူတည်ကာ ဖြည်းဖြည်းမှန်မှန် အရောင်းအဝယ်ဖြစ်နေပြီး ကျန်ထိုင်ဝမ်၊ 929 နဲ့ ကုလားပဲရိုးရိုး ကတော့ ပြည်တွင်းနဲ့ ဒေသခံစက်သမားအဆွဲ ပုံမှန်ရှိလို့ ခပ်လေးလေး အရောင်းအဝယ်ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲတစ်တင်းရဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံးပေါက်ဈေးတွေကို လေ့လာတဲ့အခါ V2  တစ် တင်း ကျပ် ၁၇၃ဝဝ မှ ၁၇၈ဝဝ၊ ထိုင်ဝမ် တစ်တင်း ကျပ် ၁၅၂ဝဝ မှ ကျပ် ၁၅၅ဝဝ ၊ 929 တစ်တင်း ကျပ် ၁၅ဝဝဝ မှ ကျပ် ၁၅၂ဝဝ နဲ့ ကုလားပဲရိုးရိုးတစ်တင်း ကျပ် ၁၄၂ဝဝ အသီးသီး ကျဈေးဖြစ်ပေါ် နေတာ တွေ့ရပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်မတန့်သေးလို့ မုံရွာ ကုန်စည်ဒိုင် လကုန်ပတ်မှာ တစ်ရက် တင်း ၁ဝဝဝ ခန့် မှန်မှန်လေး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ကုလားပဲများအနေနဲ့လည်း တစ်ရက် အိတ် ၁ဝဝဝ ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည် ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ ထွန်းလှိုင်