Main menu

Background

ထိုင်ဝမ်ကုလားပဲကို ခွဲစက်သမားများ ဈေးချအဝယ်ရှိ

Tue, 06/07/2011 - 05:34 -- Anonymous (not verified)

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်          ရေတွက်ပုံ     ယခင်    ယခု     ပြောင်းလဲမှု၁ မန္တလေး                 ၁ ပိဿာ       ၈၁၈     ၇၉၁၂ မကွေး                  ၁ ပိဿာ        ၇၅ဝ     ၇၅ဝ၃ ပခုက္ကူ                  ၁ ပိဿာ         ၈ဝဝ     ၇၈ဝ၄ မုံရွာ                     ၁ ပိဿာ         ၈၁၆    ၇၈၉၅ အောင်လံ              ၁ ပိဿာ         ၈၁ဝ    ၇၈ဝ၆ မြင်းခြံ                   ၁ ပိဿာ         ၈၁၅    ၇၈၅၇ ရေစကြို                 ၁ ပိဿာ         ၈ဝဝ    ၇၈ဝထိုင်ဝမ်ကုလားပဲကို ခွဲစက်သမားများ ဈေးချအဝယ်ရှိ               မန္တလေးဈေးကွက်မှာ ထိုင်ဝမ်ကုလားပဲကို ဒေသတွင်းပဲခွဲစက်သမားများက တစ်ပိဿာကို ၇၉၁ ကျပ် (တစ်တန်ကို ၄၈၄၄ဝဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းကျနေတယ်လို့ ဆိုပါတယ။် မြင်းခြံဈေးကွက်မှာ မြို့ပေါ်ခွဲစက်တွေက ဈေးချအဝယ်ရှိသလို ရောင်းသူကုန်သည်များ ကလည်း ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈၅ ကျပ်(တစ်တန်ကို ၄၈ဝ၇၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၇ဝ ခန့်သာဖြစ်ခဲ့ကြောင်းသိရပါတယ်။ ရေစကြိုဈေးကွက်မှာတော့ ဒီတစ်ပတ် မန္တလေးဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေက ဈေးချအဝယ်ရှိခဲ့လို့ ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ၇၈ဝ ကျပ်(တစ်တန်ကို ၄၇၇၆၆၄ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ  နယ်ခံစက်သမားတွေ အသုံးများတဲ့ ထိုင်ဝမ်ကုလားပဲက ဒီတစ်ပတ် အဝယ်ပါးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၈၉ ကျပ်(တစ်တန်ကို ၄၈၃၁၇၅ ကျပ်)နဲ့ နေ့စဉ် အိတ် ၂ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည် တစ်ဦး ကဆိုပါတယ်။