Main menu

Background

ဝယ်လိုအားနည်းတာကြောင့် အိန္ဒိယကုလားပဲဈေးကျဆင်းလာ

Sun, 06/19/2011 - 05:55 -- Anonymous (not verified)

ဝယ်လိုအားနည်းတာကြောင့် အိန္ဒိယကုလားပဲဈေးကျဆင်းလာ                 အိန္ဒိယနိုင်ငံ ပဲစိုက်ရာဒေသများမှာ မုတ်သုံမိုးကောင်းနေခြင်းနဲ့ ဝယ်လိုအား နည်းခြင်းကြောင့် ယခုသီတင်းပတ်အတွင်း ကုလားပဲဈေး လက်ငင်းရော ကြိုပွိုင့်ဈေး ပါ ဝ ဒသမ ၅၁ ရာခိုင်နှုန်းနဲ့ ၁ ဒသမ ဝ၆၃ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့တယ် လို့ သိရပါတယ်။ ဒါပေမဲ့ အိန္ဒိယအနောက်ပိုင်းမှာ ပဲစင်းငုံစိုက်ဧရိယာများ လျော့ပြီး ဝါဂွမ်းစိုက်ပျိုးမှု ပိုလာမယ်လို့ ခန့်မှန်းကြပါတယ်။                     ပဲထုတ်လုပ်ရာဒေသတွေက ဈေးကွက်တွေကို ပဲဝင်ရောက်မှု တိုးတက်လာတဲ့ အတွက် လက်ကျန် လုံလောက်နေတဲ့ အခြေအနေကလည်း ဈေးနှုန်းကျဆင်းဖို့ ဖိအား ဖြစ်စေပါတယ်။ ဒါပေမဲ့လည်းလာမယ့် သီတင်းပတ်များမှာ ကုလားပဲ ဝင်ရောက်မှုလျော့ကျပြီး ဝယ်လိုအားတက်လာဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာတော့ လက်ရှိဈေးဝန်းကျင်မှာ အပြောင်း အလဲဖြစ်နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: commodityonline