Main menu

Background

ပဲစင်းငုံနီ

Tue, 07/26/2011 - 06:23 -- Anonymous (not verified)

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်     ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်        ၁ တန်       ၄၃၈ဝဝဝ ၄၁၁ဝဝဝ၂ မန္တလေး            ၁ ပိဿာ        ၆၅ဝ      ၆၁၇၃ မုံရွာ                ၁ ပိဿာ         ၆၄ဝ     ၆၂ဝ၄ ပြည်               ၁ ပိဿာ          ၇ဝဝ    ၆၄ဝ၅ ပခုက္ကူ             ၁ ပိဿာ         ၆၅၅     ၆၂ဝ၆ မြင်းခြံ             ၁ ပိဿာ         ၆၃ဝ     ၅၉ဝ၇ အောင်လံ         ၁ ပိဿာ         ၆၆ဝ    ၆၂၅၈ မကွေး             ၁ ပိဿာ        ၆၆ဝ     ၆၁၅ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက် ဈေးချအဝယ်ရှိနေ                   ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(RC)ကို အိတ် စပို့ဝယ်လက်တွေက အိန္ဒိယဈေးကွက်မှာ မြန်မာ့ပဲစင်းငုံဈေးကျနေတဲ့ အပေါ်အကြောင်းပြပြီး ဈေးချအဝယ်ရှိခဲ့တာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကကျရိပ်သမ်းနေကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်တန်ကို ၄၁၁ဝဝဝ ကျပ်မှ ၄၂၆ဝဝဝ ကျပ်အတွင်း တန် ၃၄၅ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိနေသလို ရောင်းသူ ကုန်သည်များကလည်း ကြိုက်ဈေးမရလို့ အရောင်းနည်းနေတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၁၇ ကျပ်(တစ်တန်ကို ၃၇၇၈၄၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့သိရပါတယ်။ပြည်ဈေးကွက်မှာ ပဲစင်း ငုံနီက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေသလို ရန်ကုန်အဆွဲကလည်း အေးနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ သိရပါတယ်။အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၆၄ဝ ကျပ်(တစ်တန်ကို ၃၉၁၉၂၉ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁ဝဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က အောက်ဈေးနဲ့ အဝယ်ရှိနေသလိုရောင်းသူကုန်သည်များ ကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၁၅ ကျပ်(တစ်တန်ကို ၃၇၆၆၁၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားသာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်က တစ်ပိဿာကို ၆၂ဝ ကျပ် (တစ်တန်ကို ၃၉၇၆၈၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးကအကျဘက်မ်မှာာရှိှိနေကြောင်း သိရပါတယ်။ မြင်းခြံ ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်ကအောက် ဈေးနဲ့အဝယ်ရှိတာကြောင့် ရောင်းသူကုန်သည်များ အရောင်းနည်း နေကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၅၉ဝ ကျပ်(တစ်တန်ကို ၃၆၁၃၁ဝ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁ဝဝဝ ခန့်သာဖြစ်ခဲ့တယ် လို့သိရပါတယ်။